အီတလီနိုင်ငံသားကမ္ဘာလည့်စက်ဘီးစီးအဖွဲ့ ပင်းတယမြို့မှပြန်လည်ထွက်ခွာ

ပင်းတယ  ၂၅   ဇန်နဝါရီ   

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် ရောက်ရှိနေသည့် အီတလီနိုင်ငံ Veneto ဒေသ  Porto Viro မြို့မှ Mr. MAURO နှင့် ခရီးသည်လေးဦးပါ စက်ဘီးစီးအဖွဲ့သည် တစ်ညတာတည်းခိုရပ်နား၍ ပင်းတယမြို့၏ အထင်ကရနေရာများသို့ သွားရောက်လေ့လာ လည်ပတ်ခဲ့ကြပြီး ဇန်နဝါရီ ၂၅ ရက် နံနက်  ၉ နာရီအချိန်တွင် ညအိပ်တည်းခိုရာ Golden Cave Hotel ရှေ့တွင် အမှတ်တရ မှတ်တမ်းဓါတ်ပုံများကို ရိုက်ကူးကြပြီး မော်တော်ယာဉ်ဖြင့် ရွာငံမြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

 

‌ေ

 

အဆိုပါ စက်ဘီးစီးအဖွဲ့သည် ဇန်နဝါရီ ၂၄ ရက်နေ့တွင် ပင်းတယမြို့ သမိုင်းဝင် ပုန်းတလုတ်ရေကန်တစ်ပတ်စီးခြင်း၊  ရွှေဉမင်သဘာဝလိုဏ်ဂူတော်ဘုရားသို့ တက်ရောက်၍ လေ့လာခြင်း၊ ပင်စိမ်းပင်ကျေးရွာရှိ(CBT) သို့သွားရောက်လေ့လာပြီး ဓနုရိုးရာဝါးထီးလုပ်ငန်း များလည်း လေ့လာခဲ့ကြရာ စက်ဘီးစီးနင်းရာလမ်းတစ်လျောက်တွင် ရှမ်းတောင်ဇုန် ဟိုတယ်လုပ်ငန်းရှင်များအသင်း ဒုဥက္ကဌဦးကျော်ထွေးနှင့်တာဝန်ရှိသူများ ကမ္ဘာလှည့်ခရီး သွားလုံခြုံရေးတပ်ဖွဲ့၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူဉီးစီးဌာန အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ပင်းတယမြို့နယ် အပျော်စီးစက်ဘီးစီးအဖွဲ့တို့မှ အတူလိုက်ပါ၍ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်းလည်း သိရသည်။


ခင်မျိုးနွယ်(ပင်းတယ)