အိန္ဒိယနိုင်ငံမှ မှတ်တမ်းရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ ရန်ကုန်၊ မန္တလေးနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတို့တွင် ရိုက်ကူး

ရန်ကုန်  ၁၆   ဇန်နဝါရီ

 

အိန္ဒိယနိုင်ငံ Animagineer ရုပ်ရှင်ထုတ်လုပ်ရေးမှ မှတ်တမ်းရုပ်ရှင် ရိုက်ကူးရေးအဖွဲ့သည် ယနေ့တွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (Myanmar Institute of Information Technology) ၌ ရိုက်ကူးမှု ပြုလုပ်သည်။

 

အဆိုပါအဖွဲ့သည် ယမန်နေ့က ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၏ ညရှုခင်းနှင့် မရမ်းကုန်း မြို့နယ်ရှိ ကလေးဝဘုန်းကြီးကျောင်းတို့ကို ရိုက်ကူးခဲ့ကြောင်း၊ ဆက်လက်၍ မန္တလေးမြို့၊ အမရပူရ မြို့နယ်ရှိ ပိုးထည်လုပ်ငန်းများနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးများအား ဆက်လက် ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ရိုက်ကူးထားမှုများကို ၂၀၂၀ ပြည့်နှစ်တွင် ကျရောက်မည့် အိန္ဒိယနိုင်ငံနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်တို့ ပူးပေါင်းဆောင်ရွက်သည့် Mekong-Ganga Cooperation (MGC) ၏ နှစ်(၂၀)ပြည့် အထိမ်းအမှတ်အဖြစ် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန Website တွင် လွှင့်တင်ပြသမည် ဖြစ်ကြောင်း သိရသည်။

 

အောင်နိုင်ဦး(FDC)