အိန္ဒိယနိုင်ငံတွင် ပေါက်ကွဲမှုဖြစ်ပွား အနည်းဆုံး လူရှစ်ဉီး သေဆုံး

၂၂ ဇန်နဝါရီ

 

 

အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာ ပြည်နယ်တွင် ယမန်နေ့ ညပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူရှစ်ဉီး သေဆုံးခဲ့ကြောင်း ဒေသန္တရမီဒီယာက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

 

 

ရှီဗာမိုဂါမြို့တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

 

အဆိုပါ မတော်တဆမှု ဖြစ်စဉ်အတွင်း လူရှစ်ဉီး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားခဲ့သည်။

 

 

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ပေါက်ကွဲမှု ဖြစ်စဉ်အတွင်း တုန်ခါမှုကို ခံစားခဲ့ရကြောင်း India Today က သတင်းထုတ်ပြန်ခဲ့သည်။

 

 

ပေါက်ကွဲမှု ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းကိုမူ မသိရှိရသေးပေ။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

mdn