အိန္ဒိယတောင်ပိုင်း ဆိုင်ကလုန်းမုန်တိုင်း နီဗာ မကျရောက်မီ ကြိုတင်ပြင်ဆင်မှုများပြုလုပ်

၂၅ နိုဝင်ဘာ

 

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီးလ်နာဒူနှင့် ပူဒတ်ချရီ ကမ်းရိုးတန်းဒေသများတွင် ဆိုင်ကလုန်းမုန်တိုင်း နီဗာ ယနေ့မွန်းလွဲပိုင်းတွင် ကျရောက်မည့်အလားအလာရှိသဖြင့် မုန်တိုင်းမကျရောက်မီ ဘေးကင်းလုံခြုံရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားသည်။

 

ကမ်းရိုးတန်းဒေသများမှဒေသခံများအား ကြိုတင်ကာကွယ်မှု အစီအမံများ လုပ်ဆောင်ကြရန် အကြံပြုပြောကြားခဲ့သည်။

 

အိန္ဒိယတောင်ပိုင်းပြည်နယ်များသို့ ပျံသန်းမှု လေကြောင်းလိုင်းအများစုကို ဖျက်သိမ်းထား  သို့မဟုတ် လမ်းကြောင်းပြောင်းထားပြီး  ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးပါက ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် ကယ်ဆယ်ပို့ဆောင်ရန် အိန္ဒိယရေတပ်က အသင့်အနေထားတွင် ရှိနေသည်။

 

ထိုနိုင်ငံရှိ ပုဂ္ဂလိကလေကြောင်းလိုင်း အင်ဒီဂိုက ဗုဒ္ဓဟူးနေ့တွင် ပျံသန်းရန်စီစဉ်ထားသည့် လေကြောင်းလိုင်း ၄၅ လိုင်းကို ပယ်ဖျက်ခဲ့သည်။

 

လေယာဉ်လက်မှတ်များကိုလည်း ထိုလေကြောင်းလိုင်းက ငွေပြန်အမ်းပေးခဲ့သည်။

 

ထိုလေကြောင်းလိုင်း၏ထုတ်ပြန်ချက်တွင် မိမိတို့အနေဖြင့် မုန်တိုင်းအခြေအနေကိုစောင့်ကြည့်မည် ဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက်နေ့အတွက် ဆက်လက်လုပ်ဆောင်မည့်နည်းလမ်းများကို ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

 

အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် အလွန်ပြင်းထန်သောမုန်တိုင်းဖြစ်မည်ဟု ထင်ရပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၁၂၀ နှင့် ၁၄၅ ကြား ပြင်းထန်စွာ တိုက်ခတ်နိုင်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို