အမေရိကန် တင်နက်ဆီ ပြည်နယ်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူ ၁၆ ဦးထက်မနည်းသေဆုံး

၄ မတ်

 

အမေရိကန်ပြည်ထောင်စု တင်နက်ဆီ ပြည်နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ ၁၆ ဦးထက် မနည်းသေဆုံးခဲ့ကြောင်း အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားခဲ့သည်။

 

တင်နက်ဆီပြည်နယ်လေးခုတွင် သေဆုံးမှုများ ဖြစ်ပွားခဲ့သည်ဟု တင်နက်ဆီ အရေးပေါ်စီမံခန့်ခွဲမှု အသိုင်းအဝိုင်းဆက်ဆံရေးအရာရှိ မဂ္ဂီဟန်နန်၏ ပြောကြားချက်အရ တင်နက်ဆီ ဒေသန္တရသတင်းစာက ကိုးကားဖော်ပြထားသည်။

 

အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အဆောက်အအုံ ၄၀ ထက်မနည်း ပျက်စီးခဲ့ပြီး ထောင်နှင့်ချီသော နေအိမ်များနှင့်စီးပွားရေးလုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့သည်။

 

၎င်းလေဆင်နှာမောင်း တိုက်ခတ်မှု အကြီးမားဆုံးခံခဲ့ရသော နေရာများတွင်  Davidson, Wilson နှင့်  Putnam တို့ ပါဝင်သည်။

 

တင်နက်ဆီ ပြည်နယ်တွင် အရေးပေါ်အခြေအနေတစ်ရပ် ကြေညာခဲ့ကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို