အမ်းမြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

အမ်း  ၃၀  နိုဝင်ဘာ

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အမ်းမြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေ ကျပ် ၁၁၉ ဒသမ ၉၁၁ သန်းဖြင့် အမ်းမြို့နယ်၊ မအီမြို့အနီး စနဲ အထက်စက်တော်ရာ- အောက်စက်တော်ရာ လမ်း(၉/၆)မိုင်ပေါ်တွင် ပေ (၆၀)ကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိရာ အမ်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးလှဝင်းနှင့် တာဝန်ရှိသူ များက လုပ်ငန်းစတင်ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါတံတား တည်ဆောက်ပြီးစီးသွားပါက ဒေသခံများ သွားလာမှုလွယ်ကူစေမည့်အပြင် မြန်မာနိုင်ငံ အနှံအပြားမှ ဘုရားဖူးပြည်သူများအနေဖြင့် အထက်စက်တော်ရာ၊ အောက်စက်တော်ရာသို့ ရာသီမရွေး သွားလာဖူးမျှော်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဟန်လင်းနိုင်