အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များ အရေးယူ

နေပြည်တော်  ၂၃   ဇန်နဝါရီ

 

အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေ ၅ နာရီမှ ဇန်နဝါရီလ ၂၂ ရက် ညနေ ၅ နာရီအချိန်ထိ ယာဉ်စည်းကမ်းစစ်ဆေးခြင်းများ ဆောင်ရွက်စဉ် ရန်ကုန်-မန္တလေး အမြန်လမ်းလှည်းကူးမြို့နယ်၊ အမှတ်(၃) လမ်းဆုံတိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၁ စီး၊ ဘောနတ်ကြီးမီနီတိုးဂိတ်၌ မော်တော်ယာဉ် ၁ စီး၊ ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၉ စီး၊ နေပြည်တော်တိုးဂိတ်၌ မော်တော်ယာဉ် ၅ စီး၊ စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် ၂ စီး၊ စုစုပေါင်း ၁၈ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲတင်ပို့သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

(ရဲပြန်ကြား)