အင်ဒိုနီးရှားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ပျံ့နှံ့မှာကို စိုးရိမ်တဲ့အတွက် အကျဉ်းသား ၁၈,၀၀၀ ဦးအား လွှတ်ပေး

၃ ဧပြီ 

 

အင်ဒိုနီးရှားနိုင်ငံရှိ  အကျဉ်းထောင်တွေ အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် COVID 19ရောဂါပျံ့နှံ့မှာ စိုးရိမ်တဲ့အတွက် အကျဉ်းသား ၁၈,၀၀၀ ဦးကို လွှတ်ပေးလိုက်ကြောင်း တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ပြောကြားပါတယ်။ 

 

အကျဉ်းသားအမြောက်အများကို လွှတ်ပေးပြီးနောက်ပိုင်းမှာ အကျဉ်းသား ၃၀,၀၀၀ ကျော် လွှတ်ပေးဖို့ရှိတယ်လို့ သိရပါတယ်။ 

 

ရောဂါပိုးကူးစက်နိုင်တဲ့ အခြေအနေမှာရှိတဲ့ အကျဉ်းသားတွေကို လွှတ်ပေးရန် ကုလသမ္မဂက တောင်းဆိုနေစဉ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က အာဖဂန်နစ္စတန်နိုင်ငံက အကျဉ်းသား ၁၀,၀၀၀ ဦးကို လွှတ်ပေးခဲ့ပါတယ်။ 

 

အင်ဒိုနီးရှားအကျဉ်းထောင်မှူးရဲ့ ပြောခွင့်ရသူက အကျဉ်းသား ၃၀,၀၀၀ ကို လွှတ်ပေးဖို့ ရည်ရွယ်ထားပေမယ့် အဲဒီထက်များတဲ့ အကျဉ်းသားပမာဏကို လွှတ်ပေးမယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုး COVID 19 ရောဂါ ကာကွယ်ရေး အတွက်ဖြစ်တယ်လို့ ပြောပါတယ်။

 

လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲမှာ အသက်မပြည့်သေးတဲ့ အကျဉ်းသားများ အပါအဝင် အနည်းဆုံး အပြစ်ဒဏ်ရဲ့ သုံးပုံနှစ်ပုံ ကျခံပြီးသား အကျဉ်းသားတွေကို ဖြစ်ကြောင်း သိရပါတယ်။ လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေကို မိမိတို့နေအိမ်တွေမှာ သီးသန့်ခွဲခြား နေထိုင်ရန် အကြံပေးလိုက်ကြောင်း ပြောပါတယ်။ 

 

အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID 19 ရောဂါ ကူးစက်ခံရသူ ၁၇၉၀ ဦးနဲ့ သေဆုံးသူ ၁၇၀ ဦးရှိကြောင်း ဧပြီ၃ ရက်နေ့ထုတ်စာရင်းအရ သိရပါတယ်။ 

 

အင်ဒိုးနီးရှားနိုင်ငံမှာ အကျဉ်းထောင်ပေါင်း ၅၂၂ ခု ရှိပြီး အကျဉ်းသား ဦးရေ ၂၇၀,၀၀၀ ရှိကြောင်း သိရပါတယ်။ အဲဒီအကျဉ်းထောင်တွေဟာ အမြဲလို ထောင်ဖောက်မှုတွေနဲ့ ကြုံတွေနေရသလို အကျဉ်းထောင်တွေဟာ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အခြေအနေမှာရှိတဲ့အတွက်  မကြာခဏဝေဖန်ခံနေရပါတယ်။ 

 

MDN
ကိုးကား - AFP