အင်ဂိုလာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ယာဉ်မတော်တဆဖြစ်ပွားမှုများကြောင့် လူပေါင်း ၂၃၂၇ ဦး သေဆုံး

၁၅ ဇန်နဝါရီ

 

အင်ဂိုလာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ယာဉ်မတော်တဆဖြစ်မှုပေါင်း ၁၀၇၁၀ ခုရှိရာ လူ ၂၃၂၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား ၁၁၇၆၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း  အင်ဂိုလာနိုင်ငံ အမျိုးသားရဲတပ်ဖွဲ့က ယမန်နေ့က ပြောကြားခဲ့သည်။

 

၂၀၁၈ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ယာဉ်မတော်တဆဖြစ်မှုများ အနည်းငယ်လျော့နည်းခဲ့သော်လည်း ယာဉ်မတော်တဆဖြစ်မှုများသည် အမျိုးသားရဲတပ်ဖွဲ့၏ အဓိက စိုးရိမ်ပူပန်မှုတစ်ခုဖြစ်ကြောင်း အမျိုးသားရဲတပ်ဖွဲ့ တပ်မှူးချုပ် ပေါလိုဒီအယ်မီဒါ  ကပြောကြားခဲ့သည်။

 

၂၀၂၀ ခုနှစ်တွင် လမ်းမူဝါဒ ဆိုင်ရာ အချက်အလက်အချို့ကို အာဏာပိုင်များက  ပြန်လည်သုံးသပ်မည်ဟု ၎င်းက ဆိုသည်။

 

လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ကာကွယ်တားဆီးရေး မူဝါဒများနှင့် ဒေသတွင်းပေါင်းစည်းမှုများကို လေ့လာခဲ့သော အစည်းအဝေးသည် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တော်တွင် ဖေဖော်ဝါရီ ၁၉ မှ ၂၀ ရက်နေ့အထိ ကျင်းပမည့် တတိယအကြိမ်မြောက် လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကမ္ဘာ့ဝန်ကြီးအဆင့်ညီလာခံတွင် အင်ဂိုလာနိုင်ငံ ပါဝင်ရေးအတွက် အသင့်ပြင်ဆင်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို