အင်ဂျလီနာဂျိုလီ အံ့အားသင့်ဖွယ် လှူဒါန်းမှုပြုလုပ်

၁၂  စက်တင်ဘာ

ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီဟာ ဗြိတိန်ကလေးနှစ်ဦးကို အမည်မဖော်ဘဲ ငွေကြေးလှူဒါန်းမှု ပြုလုပ်ခဲ့ပါတယ်။ ဗြိတိန်ကျောင်းသား လေးများဖြစ်ကြတဲ့ အသက်ခြောက်နှစ်အရွယ် အေယန်းမိုဆာနဲ့ မကိုင်ရယ် အစ်ဆာတို့ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခက်တွေ့နေရတဲ့ ယီမင်နိုင်ငံက ပြည်သူတွေကို လှူဒါန်းဖို့ဆိုပြီး သံပရာရည်ဖျော်ပြီးဈေးရောင်းချ ခဲ့ပါတယ်။

လွန်ခဲ့တဲ့သုံးပတ်လောက်က အင်ဂျလီနာဂျိုလီဟာ ကိုယ်စားလှယ် ကနေတစ်ဆင့် ကလေးတွေဆီ ဆက်သွယ်ပြီး ငွေကြေးလှူဒါန်းမှု ပြုလုပ်ခဲ့တယ်လို့ အေယန်းမိုဆာရဲ့ ဖခင် အသက် ၃၇ နှစ်အရွယ် ရှာခေးမိုဆာက ပြောပါတယ်။ ဂျိုလီဟာ ကလေးတွေဆီ စာရေးသားခဲ့ပြီး အဲဒီစာထဲမှာ ကလေးတွေရဲ့ ကြိုးပမ်းမှုအတွက် ကျေးဇူးတင်ကြောင်း၊ ဖျော်ရည်တွေကို ဝယ်ဖို့လူကိုယ်တိုင် မလာရောက်နိုင်တဲ့အတွက် ခွင့်လွှတ်ပါလို့ ရေးသားခဲ့ပါတယ်။

ဂျိုလီရေးသားခဲ့တဲ့စာကိုတော့ အင်စတာဂရမ်မှာ တင်ထားခဲ့ပါတယ်။ အင်ဂျလီနာဂျိုလီဟာ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မဟာမင်းကြီးရုံးက ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး သူဟာ အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့ ပဋိပက္ခတွေနဲ့ ဆင်းရဲမွဲတေမှုတွေကို ထုတ်ဖော်ပြောကြားခဲ့သူလည်း ဖြစ်ပါတယ်။

စကိုင်းနယူးစ်