အင်းတော်မြို့နယ်၌ မြေပဲစိုက်တောင်သူများအား Farmer to Farmer လေ့လာရေး ကွင်းသရုပ်ပြပွဲကျင်းပ

အင်းတော် ၊ ၂၂  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ် မြို့မနည်းပညာပြန့်ပွားရေး စင်တာနယ်မြေအတွင်းရှိ နန့်ခင့်ကျေးရွာ အုပ်စု၊ နန့်ခင့်ကျေးရွာမှ တောင်သူ ဦးသာဒွန်း၏ ကွင်းအမှတ် (၁၀၃၄) တွင် စိုက်ပျိုးထားသော ဆောင်းမြေပဲ ဆင်းပဒေသာ (၁၁) စိုက်ခင်းတွင် မော်တိတ်ကျေးရွာအုပ်စုမှ မြေပဲစိုက်တောင်သူများနှင့် နန့်ခင့်ကျေးရွာအုပ်စုရှိ မြေပဲစိုက် တောင်သူများအား  Farmer to Farmer ‌လေ့လာရေး ကွင်းသရုပ်ပြပွဲကို ဇန်နဝါရီ ၂၂ ရက် နံနက် ၈ နာရီခွဲက ကျင်းပသည်။

 

အင်းတော်မြို့နယ်အနေဖြင့် စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်နိုင်ရေးအတွက် စိုက်ပျိုးနည်းစနစ်များ၊ အထွက်တိုး မျိုးများကို စိုက်ပျိုးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒေသခံ တောင်သူများ အနေဖြင့် နည်းပညာ အခက်အခဲများ ရှိပါက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနသို့ ဆက်သွယ်အကူအညီ တောင်းနိုင်ကြောင်း၊ ခေတ်မီ စိုက်ပျိုးနည်းစနစ်များကို လေ့လာရန် သက်ဆိုင်ရာ နည်းပညာပေး စင်တာနယ်မြေ အတွင်းရှိ တာဝန်ခံများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော မြေပဲစိုက်တောင်သူများအား  မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသိန်းခိုင်က Gypsm မြေဩဇာအိတ်များ တောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခန့်ဇော်ပိုင်(ပြန်/ဆက်)

 

mdn