အရှေ့တောင်အာရှမှာ ဆေးယဉ်ပါး ငှက်ဖျားရောဂါပိုး ပျံ့နှံ့နေကြောင်း သတိပေးချက် ထွက်ပေါ်နေ

၂၃ ဇူလိုင်

အရှေ့တောင်အာရှတဝိုက်မှာ ဆေးယဉ်ပါး ငှက်ဖျားရောဂါပိုး ပျံ့နှံ့နေကြောင်း ဗြိတိန်နဲ့ ထိုင်းနိုင်ငံက သုတေသနပညာရှင်တွေက ဒီကနေ့ (အင်္ဂါနေ့) မှာ သတိပေးလိုက်ပါတယ်။

ဒီရောဂါပိုးဟာ ကမ္ဘောဒီးယားနိုင်ငံကနေ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေဆီကို ပျံ့နှံ့နေကြောင်း၊ အဲဒီရောဂါပိုးရရှိသူ တစ်ဝက်လောက်ဟာ လက်ရှိသုံးစွဲနေတဲ့ ပထမတန်းစားဆေးဝါးကို သုံးပြီး ကုသမရနိုင်တဲ့အတွက် သုတေသနပညာရှင်တွေက ဒီပိုး အာဖရိကတိုက်ဆီ ပျံ့နှံ့မှာကို စိုးရိမ်နေကြပါတယ်။

 

mdn

 

ကမ္ဘောဒီးယားနိုင်ငံမှာ ၂၀ဝ၈ ခုနှစ်ကစပြီး ငှက်ဖျားဆေး နှစ်မျိုးစပ်ဆေးဖြစ်တဲ့ DHA-PPQ (artemisinin နဲ့ piperaquine) နဲ့ ကုသနေရာ ၂၀၁၃ ခုနှစ်ကစပြီး ဆေးယဉ်ပါးလာတဲ့ လက္ခဏာကို စတင်သတိထားမိခဲ့တာ ဖြစ်ပါတယ်။

အခုချိန်မှာတော့ ဗီယက်နမ်နိုင်ငံမှာ အဲဒီ DHA-PPQ ဆေးနဲ့ ကုသရာမှာ ၅၃ ရာခိုင်နှုန်းက ထိရောက်မှု မရှိသလို ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ၈၇ ရာခိုင်နှုန်းက ထိရောက်မှုမရှိတာကို တွေ့ရပါတယ်။

 

mdn

 

ကမ္ဘာမှာ ငှက်ဖျားရောဂါခံစားသူပေါင်း နှစ်စဉ် ၂၁၉ သန်းရှိပြီး တစ်နှစ်ကို လူပေါင်း ၄၃၅,ဝ၀ဝ ဦး သေဆုံးကြောင်း၊  သေဆုံးသူအများစုမှာ အသက် ၅ နှစ်အောက် ကလေးငယ်တွေဖြစ်ကြောင်း သိရပါတယ်။

ငှက်ဖျားရောဂါလက္ခဏာဖြစ်တဲ့ ကိုယ်အပူချိန်တက်လာပြီး ချွေးတအားထွက်လာခြင်း ယင်းနောက် တုန်ပြီး အေးလာ တစ်မျိုး ဖြစ်တတ်ပါတယ်။ ငှက်ဖျားရောဂါကို မကုသပါက အသက်ရှူလမ်းကြောင်းမှာ ပြဿနာဖြစ်လာခြင်းနဲ့ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေ ပျက်စီးတာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။

MDN
ကိုးကား - AFP