အသက်အန္တရာယ်နဲ့ အကြိမ် ၂၀ဝ ခန့် ကြုံတွေံခဲ့ရကြောင်း ဂျက်ကီချန်းပြောကြား

ကျော်ကြားတဲ့ မင်းသားတစ်ဦးဖြစ်သူ ဂျက်ကီချန်းက စတန့်မင်းသားနဲ့ ကိုယ်ခံပညာ မင်းသားတစ်ဦးအဖြစ် ၄၃ နှစ်ကျော် ကျင်လည်ခဲ့တဲ့အတောအတွင်း သူ့အနေနဲ့ အသက်အန္တရာယ်နဲ့ အကြိမ် ၂၀ဝ ကျော် တွေ့ကြုံခဲ့ရကြောင်း မီဒီယာတွေရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့တယ်လို့ အေးရှားဝမ်း ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ဂျက်ကီချန်းဟာ အန္တရာယ်ရှိတဲ့ စွန့်စားခန်းတွေမှာလည်း ကိုယ်တိုင် သရုပ်ဆောင်လေ့ရှိသူပါ။ အသက် ၁၇ နှစ်အရွယ်ကတည်းက စတန့်ပြကွက်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ တရုတ်ရုပ်ရှင် “VANGUARD”မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

 

ဂျက်ကီချန်းကို အေးရှားဝမ်းဒေါ့ကွန်းက အီးမေးလ်မှတစ်ဆင့် ဆက်သွယ်ကာ အနုပညာ သက်တမ်းတစ်လျှောက် အသက်အန္တရာယ်နဲ့ တွေ့ကြုံခဲ့ရတဲ့ အကြိမ်အရေအတွက်ကို မေးမြန်းခဲ့ရာ မင်းသားက “အကြိမ်ကြိမ်ဖြစ်ခဲ့ပါတယ်။ တစ်ခါတလေ ရုပ်ရှင်တစ်ကားထဲမှာတောင် အကြိမ်များစွာ ကြုံခဲ့ရပါတယ်။ ငယ်ရွယ်တဲ့အချိန်မှာ ပိုပြီးကြုံခဲ့ရလေ့ရှိပါတယ်။ ဒါကြောင့် အကြိမ် ၂၀ဝ ကျော်လောက်တော့ရှိပါတယ်”ဟု တရုတ်လို ပြန်လည်ရေးသားပေးပို့ခဲ့တယ်လို့ သိရပါတယ်။

 

အေးပြည့်