ဘောလိဝုဒ်မင်းသား စူရှန်ဆင်းရာဂျ်ပု ကွယ်လွန်

၁၆ ဇွန်

 

ကျော်ကြားတဲ့ ဘောလိဝုဒ်မင်းသားတစ်ဦးဖြစ်သူ စူရှန်ဆင်းရာဂျ်ပုဟာ လတ်တလောမှာ မွမ်ဘိုင်းမှာရှိတဲ့ သူ့ရဲ့ နေအိမ်မှာပင် သေဆုံးလျက်တွေ့ရှိရကြောင်း အေးရှားဝမ်း ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။ ဒေသတွင်း မီဒီယာတွေမှာ ကနဦးဖော်ပြတဲ့ သတင်းတွေအရ မင်းသားဟာ နေအိမ်မှာပင် ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်ခဲ့တာဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ကြတယ်လို့လည်း သိရပါတယ်။

 

ဘောလိဝုဒ်ရဲ့ ကျော်ကြားတဲ့ မင်းသားတစ်ဦးဖြစ်တဲ့ အပြင် စူရှန်ဆင်းရာဂျ်ပုဟာ ကွယ်လွန်ချိန်မှာလည်း အသက် ၃၄ နှစ်အရွယ်သာ ရှိသေးတာဖြစ်ပါတယ်။ မင်းသား ကွယ်လွန်ခဲ့တဲ့အပေါ် အနုပညာအသိုင်းအဝိုင်းမှ နှမြောမိကြောင်း ရေးသားဖော်ပြခဲ့ကြသလို အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီကလည်း စူရှန်ဆင်းရာဂျ်ပု ကွယ်လွန်ခဲ့တဲ့အပေါ် နှမြောမိကြောင်း သူ့ရဲ့တွစ်တာစာမျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့တာလည်း တွေ့ရပါတယ်။

 

စူရှန်ဆင်းရာဂျ်ပုကို ဇွန် ၁၄ ရက် နံနက်ပိုင်းက မွမ်ဘိုင်းမှာရှိတဲ့ သူ့ရဲ့ နေအိမ်မှာ သေဆုံးလျက်တွေ့ရှိရ ကြောင်း မွမ်ဘိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ လက်ရှိ မှာတော့ မင်းသားကွယ်လွန်မှုနဲ့ပတ်သက်ပြီး ဆက်လက် စုံစမ်းလျက်ရှိကြောင်းလည်း သိရပါတယ်။ မင်းသားရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယခုလို မင်းသား ရုတ်တရက် ကွယ်လွန်ခဲ့တဲ့အပေါ် သူ့အနေနဲ့ နာကျင်ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။

 

စူရှန်ဆင်းရာဂျ်ပုဟာ ၂၀၁၃ ခုနှစ်အတွင်း ဘောလိဝုဒ် ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ အနုပညာခရီးတစ်လျှောက် ရုပ်ရှင် ၁၀ ကား ရိုက်ကူးပေးခဲ့ပြီး သူ့ရဲ့ ခုနစ်ခုမြောက်ရုပ်ရှင်ဖြစ်တဲ့ The Fault in Our Stars ကို ယခုနှစ်ကုန်ပိုင်းမှာ ရုံတင်သွားဖို့ရာ စီစဉ် ထားကြောင်းလည်း သိရပါတယ်။

 

အေးပြည့်