ဘိုလီးဗီးယား တွင် လူနှစ်ဦးသေဆုံးခဲ့သဖြင့် hemorrhagic ရောဂါ ( black typhus ) သတိပေးချက်ထုတ်ပြန်

၅ ဇူလိုင်

 

ဘိုလီးဗီးယားနိုင်ငံတွင်  နာမကျန်းဖြစ်ရာမှ နှစ်ဦး သေဆုံးခဲ့ပြီးနောက် black typhus ဟု လူသိများသော hemorrhagic ရောဂါ ပျံ့နှံ့မှုကို ကာကွယ်ကြရန် ဘိုလီဗီးယားအစိုးရက  ဒေသခံများကို သတိပေးချက် ထုတ်ပြန်ထားသည်။
 

 

လာပဇ် မြို့၏ အရှေ့မြောက်ဘက် ၁၆၀ ကီလိုမီတာ အကွာရှိ မြို့တစ်မြိုကတွင် ပြီးခဲ့သည့် ဧပြီလက လယ်သမားတစ်ဦး ရောဂါကူးစက်ကာ သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ ထိုသူထံမှရောဂါကူးစက်ခဲ့သော ဆရာဝန်တစ်ဦးမှာလည်း ဇွန်လက သေဆုံးသွားခဲ့သည်။

 

ဘိုလီးဗီးယား hemorrhagic ရောဂါသည် ထိုရောဂါကူးစက်မှုကို ဖြစ်ပေါ်စေသည့် ဗိုင်းရပ်စ်ပိုးသယ်ဆောင်နိုင်သော ကြွက်များ၏ ဆီးနှင့် မစင်မှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။

 

အဆိုပါ ရောဂါသည် အခြားနည်းလမ်းနှင့် သွေးမှတစ်ဆင့်လည်း ပြည်သူများအကြား ကူးစက်မှုများဖြစ်ပွားခဲ့သည်။ ဘိုလီးဗီးယား တွင် ၁၉၉၆ ခုနှစ်က ထိုရောဂါဖြင့် သေဆုံးသူ ငါးဦး ရှိခဲ့သည်။

 

၎င်းရောဂါခံစားရသည့် ပထမဆုံး လယ်သမား၏ လယ်မြေ အနီးတစ်ဝိုက်တွင် ကြွက်များ အများအပြား တွေ့ရှိခဲ့ရသည်။ တစ်ချိန်ထဲမှာပင် ယင်းလယ်သမားမိသားစုတွင်လည်း ထိုရောဂါ လက္ခဏာများ သိသာစွာပြသလာသည်။

 

ဘိုလီးဗီးယားအစိုးရက ထိုရောဂါကူးစက်မှုလမ်းကြောင်းကို စုံစမ်းစစ်ဆေးရန်အတွက် ကျွမ်းကျင်ပညာရှင်များကို ၎င်းမြို့သို့ စေလွှတ်ထားသည်ဟု ဖော်ပြထားသည်။

 

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို