ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၉၉ ဦး ရှိလာ

၃ ဧပြီ

 

ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၉၉ ဦး ရှိလာပြီဖြစ်ကြောင်း ကူးစက်ခံရသူ အရေအတွက်မှာ ၆၈၃၆ မှ ၇၉၁၀ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅၉ ဦးရှိရာ သေဆုံးမှုနှုန်းမြင့်တက်ခဲ့ပြီး ၃ ဒသမ ၈ ရာခိုင်နှုန်း ရှိကြောင်းနှင့် ကူးစက်ခံရသူ အရေအတွက်မှာ ၁၀၇၄ ဦး ရှိသည်ဟု ဖော်ပြထားသည်။

 

ဘရာဇီးနိုင်ငံ၏ ပိုမိုစီးပွားဖြစ်ထွန်းသော အရှေ့တောင်ပိုင်းဒေသသည် ကူးစက်ရောဂါဖြစ်ပွားရာ ဗဟိုချက်ဒေသအဖြစ် ဆက်လက်တည်ရှိနေကာ ကူးစက်ခံရသူ အရေအတွက် ၄၉၈၈ ဦးရှိပြီး အရှေ့မြောက်ပိုင်းဒေသတွင် ကူးစက်ခံရသူအရေအတွက် ၁၁၈၀ ဦး ရှိသည်။

 

တာဝန်ရှိသူများက ဧပြီလတွင် ထိုကူးစက်ရောဂါ ဖြစ်ပွားမှုများပြားလာမည် ဟု မျှော်မှန်းထားကြောင်း ကျန်းမာရေးဝန်ကြီး Luiz Henrique က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

 

သီးခြားခွဲခြားထားသောနေရာများတွင် နေထိုင်ခြင်းကို ဘရာဇီးနိုင်ငံသားများအနေဖြင့် တိုးမြှင့်လုပ်ဆောင်သွားကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို