ဘရာဇီးနိုင်ငံတွင် ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူ အရေအတွက် ၁၃၅ဝဝဝ အထိရှိပြီဖြစ်

ရီယိုဒီဂျနေးရိုး   ၂၀  စက်တင်ဘာ

ဘရာဇီးနိုင်ငံ၌ စက်တင်ဘာ ၁၈ ရက်တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၈၅၈ ဦး ပေါ်ထွက်ခဲ့ရာ တစ်နိုင်ငံလုံးသေဆုံးသူ အရေအတွက်စုစုပေါင်း ၁၃၅၇၉၃ ဦးအထိရှိလာပြီဖြစ်ကြောင်း ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

ဘရာဇီးနိုင်ငံအတွင်း စက်တင်ဘာ ၁၈ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၃၉၇၉၇ ဦးကို စစ်ဆေးတွေ့ရှိခဲ့ရာ တစ်နိုင်ငံလုံး ရောဂါကူးစက်ခံရသူအရေအတွက် စုစုပေါင်း ၄၄၉၅၁၈၃ ဦးအထိ ဖြစ်လာခဲ့သည်။

နိုင်ငံအတွင်း မကြာသေးမီရက်ပိုင်းအတွင်းမှာပင် ရောဂါကြောင့် နေ့စဉ် သေဆုံးသူအရေအတွက် လျှော့ချနိုင်ရေး စီမံဆောင်ရွက်ချက်များ လုပ်ဆောင်ခဲ့ရာ ပြီးခဲ့သည့် တစ်ပတ်အတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၇၇၉ ဦး ရှိပြီး ယခင်ရက်သတ္တပတ်ကထက် ၉ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သိရသည်။

နေ့စဉ်ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း လျော့ကျခဲ့ကာ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ၃၁၀၉၇ ဦး ရှိခဲ့ပြီး ယခင်ရက်သတ္တနှစ်ပတ်ကနှင့်စာလျှင် ၂၂ ရာခိုင်နှုန်း လျော့ကျခဲ့သည်။

ဘရာဇီးနိုင်ငံရှိ လူဦးရေ အထူထပ်ဆုံးပြည်နယ် ဖြစ်သည့် ဆော်ပိုလိုတွင် ရောဂါကူးစက်ဖြစ်ပွားမှု အဆိုးဆုံး ခံစားရပြီး ရောဂါကူးစက်ဖြစ်ပွားသူ ၉၂၄၅၃၂ ဦးနှင့် သေဆုံးသူ ၃၃၆၇၈ ဦးအထိ ရှိကြောင်း သိရသည်။

ဆင်ဟွာ