ဗီယက်နမ်နိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် ရှစ်ဉီးသေဆုံး

၂၁ ဇူလိုင်

 

 

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဘင်သွန်ပြည်နယ်တွင် ယနေ့နံနက် အစောပိုင်းက ခရီးသည်တင်ကားနှင့် ထရပ်ကားတစ်စင်းတို့ ခေါင်းချင်ဆိုင် တိုက်မိခဲ့ရာ အနည်းဆုံး လူရှစ်ဉီး သေဆုံးခဲ့ပြီးနောက် ခုနှစ်ဉီး ဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ်သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

 

 

အဆိုပါ ယာဉ်မတော်တဆမှုမှာ ယနေ့နံနက် ၁ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

 

အမ်တန်ခရိုင် အဝေးပြေး လမ်းမကြီးပေါ်တွင်  ထရပ်ကားတစ်စင်းနှင့် ခရီးသည် ၁၆ ဉီး လိုက်ပါလာသည့် ခရီးသည်တင်ကားတို့သည် ခေါင်းချင်းဆိုင် တိုက်မိပြီး  ခြောက်ဉီးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး နှစ်ဉီးမှာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ဗီယက်နမ် သတင်းဌာနက ဖော်ပြထားသည်။

 

 

ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

 

 

ရုရှားနိုင်ငံတွင် ယခုနှစ် ပထမနှစ်ဝက်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၆၇၉၀ မှု ရှိခဲ့ပြီးနောက် လူပေါင်း ၁၉၃၁ ဉီးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူပေါင်း ၃၀၀၈ ဉီး ရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ ယာဉ်ထိန်းရဲဌာန ထုတ်ပြန်ချက်များအရ သိရှိရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

2356