ဗီယက်နမ်နှင့်တောင်ကိုရီးယားနိုင်ငံတို့အကြား လေကြောင်းလိုင်း ခရီးစဉ်များပြေးဆွဲမှု ဗီယက်နမ် ရပ်ဆိုင်း

၃ မတ်

 

ဗီယက်နမ်လေကြောင်းလိုင်းသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ဖြစ်ပွားမှုမြင့်တက်လာမှုကြောင့် ဗီယက်နမ်နှင့်တောင်ကိုရီးယားနိုင်ငံတို့အကြား လေယာဉ်ခရီးစဉ်များ ပြေးဆွဲမှုကို ကြာသပတေးနေ့မှစတင်ကာ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီ က ယနေ့ ဖော်ပြထားသည်။

 

လေကြောင်းလိုင်းများသည် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းနှင့် ဂင်ဟီး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ်နိုင်ငံ ဟနွိုင်းနှင့်ဟိုချီမင်းမြို့သို့ ပျံသန်းမည့် အစား အင်္ဂါနေ့နှင့်ဗုဒ္ဓဟူးနေ့တို့တွင် Quang Ninh ပြည်နယ်မြောက်ပိုင်း၊ Binh Dinh ပြည်နယ် အလယ်ပိုင်း နှင့် Can Tho မြို့တောင်ပိုင်းတို့ရှိ လေဆိပ်သုံးခုတွင် ဆင်းသက်မည် ဖြစ်ကြောင်း ထိုသတင်းအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။

 

တောင်ကိုရီးယားနိုင်ငံမှပြန်ရောက်ရှိလာသော လေကြောင်းလိုင်းများအားလုံးကို ပိုမွှားကင်းစင်အောင်ပြုလုပ်မည် ဖြစ်ကြောင်း နှင့် နောက်ပိုင်းတွင် နှစ်နိုင်ငံအကြား လေကြောင်းခရီးစဉ်များ ပြန်လည်စတင်မည့် အစီအစဉ်များနှင့်ပတ်သက်ပြီး ခရီးသည်များကို အကြောင်းကြားသွားမည် ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

 

ကိုရိုနာဗိုင်းရပ်စ် လျင်မြန်စွာပြန့်ပွားမှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်များမြင့်တက်လာမှုနှင့်အတူ ဗီယက်နမ်နိုင်ငံသည် တောင်ကိုရီးယားနှင့်အီတလီနိုင်ငံသားများ အတွက် ဗီဇာကင်းလွတ်ခွင့် အစီအစဉ်များ ရပ်ဆိုင်းထားမည်ဟု အစောပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို