ဗြိတိန်မှ ခွဲထွက်ရေးအတွက် ၂၀၂၁ ခုနှစ်မှာ ဆန္ဒခံယူပွဲကျင်းပနိုင်ရေး လုပ်ဆောင်မယ်လို့ စကော့တလန် ဝန်ကြီးချုပ်ပြောကြား

၁ ဒီဇင်ဘာ

 

ဗြိတိန်မှ စကော့တလန် ခွဲထွက်ရေးအတွက် ၂၀၂၁ ခုနှစ်မှာ ဒုတိယအကြိမ် ဆန္ဒခံယူပွဲလုပ်ဆောင်ရေး နည်းလမ်းရှာသွားမယ်လို့ စကော့တလန်ဝန်ကြီးချုပ် နီကိုလာစတပ်ဂျန် တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။  အဲဒီလို ဆန္ဒခံယူပွဲလုပ်ဖို့ ဆိုတာ မေလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သူမရဲ့ စကော့တစ်ရှ်အမျိုးသားပါတီ  (SNP) အနိုင်ရဖို့ လိုအပ်တာကို တွေ့ရပါတယ်။

 

စကော့တလန်အစိုးရရဲ့ခေါင်းဆောင်လည်းဖြစ်၊ SNP ပါတီရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ စတပ်ဂျန်က ဒီထက်ကောင်းတဲ့ တိုင်းပြည်အဖြစ် ဆက်လက်ထူထောင်သွားရေးအတွက် သူတို့ကို ယုံကြည်ပေးရန် စကော့တလန်လူထုအား မေလ ရွေးကောက်ပွဲမှာ ထောက်ခံမဲပေးရေး တောင်းဆိုချင်ပါတယ်လို့ ပြောကြားပါတယ်။

 

ဗြိတိန်ရဲ့ လေးနိုင်ငံပူးပေါင်း တည်ထောင်မှုကနေ စကော့တလန်က ခွဲထွက်ရေး အတွက် ၂၀၁၄ ခုနှစ်က ဆန္ဒခံယူပွဲကနေ မဲပေးရာ ဗြိတိန်အတွင်း ဆက်လက်နေထိုင်အား  ၅၅ ရာခိုင်နှုန်း ထောက်ခံပြီး ၄၅ ရာခိုင်နှုန်းက ခွဲထွက်ရေးကိုထောက်ခံခဲ့ပါတယ်။ ခွဲထွက်ရေးဘက်က ရှုံးနိမ့်ခဲ့ပြီး မျိုးဆက်တစ်ခုစာ အဲဒီကိစ္စကို စဉ်းစားခြင်းမပြုရန်နဲ့ ပိတ်သိမ်းခဲ့ပါတယ်။

 

ဒါပေမယ့် ၂၀၁၆ ခုနှစ်က ဉရောပသမဂ္ဂကနေ ဗြိတိန်ခွဲထွက်ရေး (Brexit )ဘက်က အနိုင်ရပြီးနောက် စကော့တလန်ဝန်ကြီးချုပ်က ဒုတိယအကြိမ် ဗြိတိန်ကနေ ခွဲထွက်ရေးကို ပြန်လည်ပြောဆိုလာတာ ဖြစ်ပါတယ်။ စကော့တလန်ဟာ  ဉရောပသမဂ္ဂအတွင်းမှာ ဆက်လက်နေထိုင်ရေး သဘောတူကြောင်း ၂၀၁၆ ခုနှစ် ကျင်းပခဲ့တဲ့ အဆိုပြုခဲ့တာကိုတွေ့ရပါတယ်။

 

ပြီးခဲ့တဲ့လကကောက်ယူခဲ့တဲ့ စစ်တမ်းအရ ဗြိတိန်ကနေ ခွဲထွက်ရေးဘက်မှာ ၅၈ ရာခိုင်နှုန်း ရှိတာကိုတော့ရပါတယ်။

 

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ၂၀၁၄ ခုနှစ်ရဲ့ ဆန္ဒခံယူပွဲအဆုံးအဖြတ်ကို လေးစားသင့်ကြောင်းနဲ့ မဝေးတဲ့အနာဂတ်မှာ ခွဲထွက်ရေးအတွက် နောက်ထပ်ဆန္ဒခံယူပွဲ ရှိမှာ မဟုတ်ကြောင်း ပြောကြားထားကြောင်း သိရပါတယ်။

 

MDN

ကိုကား -AFP