ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ကိုယ်ရံတော်ဟာ လေယာဉ်ပေါ်မှာ သေနတ် မေ့ကျန်ခဲ့

၁၉ စက်တင်ဘာ

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ကိုယ်ရံတော်ဟာ လေယာဉ်ပေါ်မှာ သေနတ်မေ့ကျန်ခဲ့တဲ့အတွက် တာဝန်တွေမှာ ရပ်ဆိုင်းခံရကြောင်း သိရပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဒိုမစ်နစ်ရပ် ဟာ အမေရိကန်နိုင်ငံကနေ သောကြာနေ့ နံနက်အစောပိုင်းက လန်ဒန်မြို့ရှိ ဟီးသရိုးလေဆိပ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟာ အမေရိကန်နိုင်ငံရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုနဲ့ အမေရိကန်အောက်လွှတ်တော်ဉက္ကဋ္ဌ နန်စီပလိုစီနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးရဲ့ ကိုယ်ရံတော်တစ်ယာက်ဟာ ကျည်အပြည့်ဖြည့်ထားတဲ့ semi-automatic ပစ်စတိုတစ်လက်ကို လေယာဉ်ပေါ်မှာ ကျန်ခဲ့တာဖြစ်ပါတယ်။ အဲဒီသေနတ်ကို လေယာဉ်သန့်ရှင်းရေး လုပ်သားတစ်ဦးက သောကြာနေ့မှာပဲ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

လန်ဒန်ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူက စက်တင်ဘာ ၁၈ ရက်နေ့က ကိစ္စကိုသိရှိကြောင်း၊ အဲဒီကိစ္စကို အသေအချာ ကိုင်တွယ်နေကြောင်း၊ အဲဒီအရာရှိကိုလည်း တာဝန်မှာ ရပ်စဲထားကြောင်း ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တုံ့ပြန်ချက်တော့ မရရှိသေးကြောင်း သိရပါတယ်။

MDN

ကိုးကား - AFP