ဗြိတိန်နိုင်ငံမှာ ခရစ္စမတ်အချိန်အတွင်း တားမြစ်မှုတွေ ဖြေလျော့ပေးမယ်

၂၅ နိုဝင်ဘာ

 

ဗြိတိန်နိုင်ငံမှာ ခရစ္စမတ်အချိန်အတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန် အသွားအလာကန့်သတ် တားမြစ်မှုတွေ ဖယ်ရှားပေးမှာ ဖြစ်ပြီး မိသားစု (၃) စုအထိ စုဝေးပြီး ပွဲတော်ကျင်းပခွင့် ပြုမယ်လို့ အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

 

ဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်မယ့် စည်းမျဉ်းတွေကို ဒီဇင်ဘာ ၂၃ ရက်နေ့မှ ၂၇ ရက်အတွင်း ဖယ်ရှားပေးမှာ ဖြစ်ပြီး ခရစ္စမတ်အချိန် အတွင်းဖြေလျော့မှုတွေကို ဗြိတိန်အတွင်းရှိ အင်္ဂလန်၊ စကော့တလန်၊  ဝေးလ်နဲ့ မြောက်အိုင်ယာလန် အစိုးရကတွေက ပူးတွဲ စီမံတယ်လို့ သိရပါတယ်။ မြောက်အိုင်ယာလန်ကို အသွားအပြန် ပြုလုပ်မယ့်သူတွေအတွက် တစ် ရက်ပိုပြီး ပေးမယ်လို့ ဆိုပါတယ်။

 

ကြေညာချက်တွင်  ၂၀၂၀ ခုနှစ် ဟာပြီးဆုံးခါနီးဖြစ်ပြီး  အားလုံးအတွက် အင်မတန်ခက်ခဲတဲ့ နှစ်ဖြစ်ခဲ့ကြောင်း၊ နေ့စဉ် ဘဝတွေဟာ ပေးဆပ်မှုတွေနဲ့သာ ကုန်ဆုံးခဲ့ရကြောင်း ၊ ဘာသာရေး၊ လူမှုရေးနဲ့ ဓလေ့ထုံးလမ်းစဉ်လာတွေဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့ကူးစက်မှုကြောင့် အပြောင်းအလဲတွေဖြစ်ခဲ့ကြောင်း၊ ဒီနှစ်ရဲ့ ခရစ္စမတ်အချိန်ဟာလည်း ပုံမှန် ပွဲတော်ကျင်းပသလိုမျိုး မဖြစ်နိုင်ကြောင်း၊ ဒါပေမယ့် တတ်နိုင်သလောက် ပွဲတော်ပုံစံမျိုး ဆင်နွဲနိုင်ရန် မိသားစု၊ မိတ်ဆွေတွေ တွေ့ဆုံချိန်ကို အချိန်တိုအတွင်း၊ သတိထားမှုအခြေအနေ နဲ့တွေ့ဆုံရန် ပြင်ဆင်ထားကြောင်း ပါရှိပါတယ်။ 

 

အင်္ဂလန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုတားမြစ်ရန် သီတင်း လေးပတ် အသွားအလာ ကန့်သတ်မှုကို ဒီဇင်ဘာ ၂ ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပေမယ့် ပိုးတွေ့ရှိမှု ပမာဏအရ အသွားအလာကန့်သတ်မှုတွေကို ဆက်လက်လုပ်ဆောင်မှှာဖြစ်ပါတယ်။ အဲဒီကန့်သတ်မှုထဲမှာ ပိုးတွေ့ သူများတဲ့ နေရာဒေသ တွေရဲ့ အဝင်၊ အထွက်တွေကိုပါ တားမြစ်မယ်လို့ ဆိုပါတယ်။

 

ကန့်သတ်မှုဖြေလျော့ပေးရေးတွင် အိမ်ထောင်စု ၃ စုသာ စုဝေးခွင့်တွေထဲမှာ နေအိမ်တွင်း စုဝေးခြင်း၊ နေအိမ်အပြင်စုဝေးခြင်း နဲ့ ဘုရားဝတ်ပြုရာနေများတွင် စုဝေးခြင်းတွေပါ အကျုံးဝင်ကြောင်း သိရပါတယ်။

 

ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့ က လာမယ့်နှစ် ဧပြီလမှာ ကျင်းပလေ့ရှိတဲ့ အီစတာပွဲတော်အချိန်မှာတော့ ပုံမှန်နေထိုင်မှုတွေကို ပြန်လည်ရရှိနိုင်မယ်လို့ ပြောပါတယ်။

 

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၅၆,၀၀၀  နီးပါးရှိကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP