ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ဒုတိယလှိုင်းလာနေတာကို မြင်နေကြောင်း ဝန်ကြီးချုပ်သတိပေး

၁၉ စက်တင်ဘာ

ဗြိတိန်ဝန်ကြီးချုပ်က နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ဒုတိယလှိုင်းလာနေကြောင်း သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

ဒုတိယလှိုင်းကို ပြင်သစ်နဲ့ စပိန်နိုင်ငံ၊ ဉရောပတစ်ဝိုက်မှာ မြင်နေရကြောင်း ဒီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယလှိုင်းသာ ဖြစ်ခဲ့မယ်ဆိုရင် သူ့အနေနဲ့ ကြောက်လန့်မိကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

သောကြာနေ့က ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၄,၃၂၂ ဦးကြောင်း၊ မေလ ၈ ရက်နေ့စပြီး ပိုးတွေ့ရှိသူဟာ အရေအတွက် ၄,၀၀၀ ကျော်ကို တွေ့ရတာ ပထမဦးဆုံးဖြစ်ကြောင်း သိရပါတယ်။

စက်တင်ဘာ ၁၀ ရက် သီတင်းပတ်က နိုင်ငံတစ်ဝန်းမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ နေ့စဉ် ၆,၀၀၀ နီးပါးရှိနေခဲ့ပါတယ်။

ကျောင်းတွေနဲ့ အလုပ်တွေကို ဆက်လက်ဖွင့်နေနိုင်ပေမယ့် အင်္ဂလန်နိုင်ငံတစ်ဝန်းရှိ ဘားနဲ့ စားသောက်ဆိုင်တွေရဲ့ ဆိုင်ဖွင့်ချိန်ကို ကန့်သတ်ရန် စဉ်းစားနေကြောင်း သိရပါတယ်။

အင်္ဂလန်ရဲ့ အရှေ့ပိုင်းဒေသမှာ နေထိုင်တဲ့ လူဦးရေ ၂ သန်းကျော်ဟာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များလာတဲ့အတွက် တင်းကျပ်တဲ့ တားမြစ်ချက်တွေအောက်မှာ ဒီကနေ့ကစပြီး နေထိုင်နေရပြီဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံရဲ့ အနောက်ပိုင်း၊ အနောက်မြောက်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာလည်း တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းနဲ့ လူဦးရေ ကန့်သတ်မှုတွေကို ပြီးခဲ့တဲ့ အင်္ဂါနေ့စပြီး ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။

MDN

ကိုးကား - AFP