ဗြိတိန်နိုင်ငံမှာ ကုန်တင်ကားထဲမှာ သေဆုံးနေသူ ၃၉ ဦးဟာ တရုတ်နိုင်ငံသားတွေဖြစ်နေ

၂၃ အောက်တိုဘာ

 

ဗြိတိန်နိုင်ငံကို ဘယ်လဂျီယံနိုင်ငံကနေ မောင်းနင်လာတဲ့ ကုန်တင်ကားတစ်စင်းပေါ်မှာ လူသေအလောင်း ၃၉ လောင်းကို လန်ဒန်အနီးမှာ မနေ့က တွေ့ရှိတဲ့အတွက် ကုန်တင်ကားမောင်သူ အသက် ၂၅ နှစ်အရွယ် မို ရော်ဘင်ဆင်ကို ဖမ်းဆီးထားကြောင်း သိရပါတယ်။

 

သေဆုံးသူတွေဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး  ၃၈ ဦးဟာ အရွယ်ရောက်ပြီးသူများဖြစ်ပြီး ၁ ဦးက ဆယ်ကျော်သက်ရွယ် ဖြစ်ပါတယ်။  ကုန်တွဲဟာ ဘယ်လဂျီယံနိုင်ငံ  ဇီဘာဂျီကနေ  ဗြိတိန်နိုင်ငံ သိမ်းမြစ်အတွင်းရှိ ပါးဖလိ ကို ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။  ကုန်တွဲကို ဆွဲမယ့် ကားဟာ မြောက်အိုင်ယာလန်ကနေ မောင်းနှင်လာတာဖြစ်ပြီး ပါးဖလိမှာ ကုန်တွဲကို ချိတ်ပြီး ဆက်လက် မောင်းနှင်ခဲ့တာဖြစ်ပါတယ်။

 

ဘယ်လဂျီနိုင်ငံ ဇီဘာဂျီကို ကုန်တွဲက အင်္ဂါနေ့ (၁၄:၂၉) နာရီအချိန်တွင် ရောက်ရှိခဲ့တဲ့တာဖြစ်ပြီး ဇီဘာဂျီကနေ ပါးဖလိကို ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်း (၁:၃၀) ဝန်းကျင်တွင် ထွက်ခွာခဲ့ကြောင်း သိရပါတယ်။

 

အခုသေဆုံးသူများဟာ ဘယ်အချိန်မှာ ကုန်တွဲထဲထည့်ခဲ့ကြောင်း မသိသေးကြောင်း၊ ဘယ်လဂျီယံနိုင်ငံမှာ ဒီအဖြစ်အပျက်ရဲ့ အစက ဖြစ်ခဲ့သလားဆိုတာ မသိသေးကြောင်း ဘယ်လဂျီယံရဲတပ်ဖွဲ့က ပြောပါတယ်။

 

၂၀ဝ၈  ခုနှစ်က တရုတ်နိုင်ငံသား ၅၈ ဦးတင်ဆောင်လာတဲ့ ကုန်တင်ကား တစ်စင်းအတွင်း အသက်ရှုကြပ်ပြီး ၅၆ ဦးသေဆုံးခဲ့ရာ ကုန်တင်ကားမောင်းသူ ဂျာမနီနိုင်ငံသားကို လူသတ်မှုနဲ့ ၂၀ဝ၉ ခုနှစ်မှာ ထောင်ဒဏ် အပြစ်ခဲ့ဖူးပါတယ်။

 

MDN

ကိုးကား - AFP