ဗိုင်းရပ်စ်အသစ်က လူသားချင်း ကူးစက်နိုင်ဟု တရုတ် အတည်ပြု

တရုတ်နိုင်ငံတွင် အဆုတ်ရောင်ရောဂါဖြစ်ပွားစေသည့် ကိုရိုနာဗိုင်းရပ်စ်အသစ် တစ်မျိုး၏ ကူးစက်မှုကြောင့် လူတစ်ဦးထပ်မံသေဆုံးခဲ့သည်။

 

1


အဆိုပါ ဗိုင်းရပ်စ်ကြောင့် လူပေါင်း ၂၀၀ ကျော် ကူးစက်ခံနေရပြီဖြစ်ကြောင်းနှင့် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်ကြောင်း အာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်။


အဆိုပါ ဗိုင်းရပ်စ်သည် ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့ခြင်းပြီး ယခုအပတ်အတွင်း၌လည်း အသက်(၈၉)နှစ်အရွယ် အဖိုးတစ်ဦးအပါအဝင် လေးဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးအရာရှိများက ကြေညာခဲ့သည်။

 

5


ယခုလအစောပိုင်းက ၎င်းသည် အသက်ရှူကျပ်သည့်ဝေဒနာဖြင့် ဆေးရုံတွင် ကုသမှုခံယူနေရသူတစ်ဦးဖြစ်ကြောင်း သိရသည်။
မြို့များတွင် ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

 

သို့သော်လည်း တရုတ်နိုင်ငံ၏ အခြားအစိတ်အပိုင်းဒေသများသို့လည်း ပျံ့နှံ့သွားခဲ့ကြောင်း အာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်။ 


ဘေကျင်းတွင် ငါးဦး၊ ရှန်ဟိုင်းတွင် တစ်ဉီးနှင့် ဂန်ဒေါင်ပြည်နယ်တွင် ၁၄ ဦးကူးစက်ခံခဲ့ရသည်ဟု ဆိုသည်။ 


အဆိုပါ ဗိုင်းရပ်စ်မှာ ထိုင်းနိုင်ငံ၊ တောင်ကိုရီးယားနှင့် ဂျပန်တို့တွင်လည်း တွေ့ရှိရသည်ဟု ဆိုသည်။


ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၁၄ ဦးမှ တိကျသည့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း တရုတ်အစိုးရအဖွဲ့ကျွမ်းကျင်သူအကြီးအကဲက  CCTV သတင်းဌာနသို့ ပြောကြားခဲ့သည်။ 

 

65


လာမည့် သောကြာနေ့တွင် စတင်မည်ဖြစ်သည့် တရုတ်နိုင်ငံ၏ နှစ်သစ်ကူးပွဲမတိုင်မီ ယခုသီတင်းပတ်အတွင်းမှာ ရောဂါပျံ့နှံ့မှုများကို ထိန်းချုပ်ရန်အတွက် သမ္မတရှီကျင်ဖျင့်က အစိုးရအဖွဲ့များကို အဆင့်ဆင့်လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာများက ပြောကြားခဲ့သည်။ 


ကိုရိုနာဗိုင်းရပ်စ်နှင့် ဆင်တူသည့် ဆားစ်ဗိုင်းရပ်စ်သည် ၂၀၀၃ ခုနှစ်အတွင်းကလည်း နှစ်သစ်ကူးပြီးနောက် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။ 


ကိုရိုနာဗိုင်းရပ်စ်ရောဂါအသစ်နှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန် အစိုးရအား တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်နွယ်သည့် သတင်းမီဒီယာတစ်ခုက တိုက်တွန်းထားသည်။ 


တရုတ်နိုင်ငံတွင် ဆားစ်ရောဂါသည် အစောပိုင်းကာလများကတည်းက ခိုအောင်းနေခဲ့ခြင်းဖြစ်ကြောင်း The Global Times အယ်ဒီတာ့အာဘော်က ရေးသားထားသည်။  

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်