ဗိုင်းရပ်စ်လူနာများ နယ်စပ်ဖြတ်ကျော် လွှဲပြောင်းရန် အီးယူ ငွေကြေးထောက်ပံ့မည်

၃၀  အောက်တိုဘာ

 

ဥရောပတိုက်အတွင်းရှိ အဖွဲ့ဝင်နိုင်ငံများကြား ကိုဗစ်-၁၉ လူနာများ လွှဲပြောင်းပေးမှုကို ငွေကြေးအရ ပံ့ ပိုးကူညီမည်ဟု ဥရောပသမဂ္ဂအဖွဲ့က ပြောကြားသည်။

           

ငွေကြေးပံ့ပိုးမှုက ဗိုင်းရပ်စ်ကူးစက်မှုများ ပြန်လည်မြင့်တက်လာမှုကြောင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၌ ကျန်းမာရေးစနစ်များ မပြိုလဲစေရန် ရည်ရွယ်သည်။

           

ပြင်သစ်နှင့် စပိန်နိုင်ငံတို့၌ ဗိုင်းရပ်စ်ကူးစက်မှု တစ်သန်းကျော်စီအထိ ရှိလာခဲ့ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့ရှိ ဆေးရုံများ၌ ဝန်နှင့်အားမမျှဖြစ်နေသည်။ ဥရောပသမဂ္ဂခေါင်းဆောင်များသည် ယမန်နေ့ အရေးပေါ် ဗွီဒီယိုကွန်ဖရင့်တစ်ခု ကျင်းပခဲ့သည်။

           

ဥရောပသမဂ္ဂအဖွဲ့အတွင်း ဗိုင်းရပ်စ်လူနာများ လွှဲပြောင်းရာတွင် အဖွဲ့ဝင်နိုင်ငံများကိုကူညီရန် ယူရို သန်း ၂၂၀ သို့မဟုတ် ဒေါ်လာ သန်း ၂၆၀ ပံ့ပိုးမည်ဟု ဥရောပကော်မရှင် ဥက္ကဌ အူဆူလာဗွန်ဒါလီယန်းက အစည်းအဝေးကျင်းပပြီးနောက် သတင်းထောက်များသို့ ပြောကြားခဲ့သည်။

           

ဗိုင်းရပ်စ်ကူးစက်မှုများကို ပိုမိုကောင်းမွန်စွာ ခြေရာခံနိုင်ရန် အန်တီဂျန်စမ်းသပ်မှုများ အသုံးပြုမှုတိုးချဲ့ ရန်လည်း ခေါင်းဆောင်များက သဘောတူခဲ့သည်။

           

အန်တီဂျန်စမ်းသပ်မှုများက ပီစီအာစမ်းသပ်မှုများလောက် ယုံကြည်စိတ်ချရမှုမရှိသော်လည်း ရလဒ်များ မြန်မြန်ဆန်ဆန် သိရှိနိုင်သည်။

           

အဖွဲ့ဝင်နိုင်ငံများ အသုံးပြုသည့် မိုဘိုင်းဖုန်း အပလီကေးရှင်းများဖြင့် ညှိနှိုင်းဆောင်ရွက်ခြင်းအားဖြင့် အဖွဲ့ဝင်နိုင်ငံများကြား ဗိုင်းရပ်စ်ကူးစက်မှုများ ခြေရာခံမှုခွင့်ပြုရန် ခေါင်းဆောင်များက သဘောတူခဲ့သည်။

 

ကိုးကား--အင်န်အိတ်ချ်ကေ

Ref; EU to fund cross-border virus patient transfer