ဆဒုံးမြို့နယ်တွင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် သက်ကြီးဘိုးဘွားများ ကြိုတင် မဲဆန္ဒပေး

ဆဒုံး ၃၀ အောက်တိုဘာ

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်တွင် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အောက်တိုဘာ ၂၉ ရက်နေ့ နံနက် ၈ နာရီမှစ၍ သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာတွင် အသက် (၆၀) နှစ်နှင့် အထက် မဲရုံသို့ လာရောက်ရန် အခက်အခဲရှိသည့် သက်ကြီးဘိုးဘွားများအား မဲထည့်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ရာ ဆဒုံးမြို့နယ်ရှိ မဲရုံ (၆) ရုံမှ သက်ကြီးဘိုးဘွားများက ကြိုတင်မဲထည့်ခဲ့ ကြကြောင်း သိရှိရသည်။

 

ဆဒုံးမြို့တွင် အသက် (၆၀) နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးမည့်သူ (၁၁၅)ဦးရှိပြီး ကြိုတင်ဆန္ဒမဲ ပေးမည့် သက်ကြီးဘိုးဘွားများ ကြိုတင်မဲထည့်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အစီအစဉ်ဖြင့် နှာခေါင်းစည်း တပ်ခြင်း၊ လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပြီး အလှည့်ကျစနစ် ကြိုတင်မဲထည့်ခဲ့ကြကြောင်း သိရှိရသည်။

ကျော်နိုင်ဌေး (ပြန်/ဆက်)