ဆီဆိုင်၊ ပင်လောင်း၊ မိုင်းခတ်နှင့် ငဖဲမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၂၆ ဧကခန့် ဖျက်ဆီး

နေပြည်တော်  ၂၃ ဇန်နဝါရီ

 

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၂ ရက်က ဆီဆိုင်မြို့နယ်၊ ညိုမီးကျေးရွာ၏ အနောက်မြောက်ဘက် ၂ ဖာလုံခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၆ ဧကခန့်အား ဖျက်ဆီးခဲ့သည်။

 

အလားတူ ပင်လောင်းမြို့နယ်၊ ခနွဲကျေးရွာ ၏ မြောက်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂ ဧကခန့်၊ မိုင်းခတ်မြို့နယ်၊ ဝမ်ကောင်းကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာနှင့် ဝမ်မိုင်ကျေးရွာ၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့်ရှိသီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၄ ဧကခန့်နှင့် ငဖဲမြို့နယ်၊ မကန်းကျေးရွာ၏ အနောက်တောင်ဘက် ၄ မိုင်ခန့် အကွာနှင့်အရှေ့ဘက် ၂ ဖာလုံခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၄ ဧကခန့် တို့အား သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့များက အသီးသီးဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

(ရဲပြန်ကြား)