ဆိပ်ကမ်းမြို့နယ်၊ အမှတ်(၂) ဗောတံတားတွင် ဆိုက်ကပ်ထားသည့် ကုန်တင်ရေယာဉ် ၁ စီး မီးလောင်မှုဖြစ်ပွား

နေပြည်တော် ၁၁ ဒီဇင်ဘာ 

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမြို့နယ်၊ မော်တင်ရပ်ကွက်၊ စဉ့်အိုးတန်း၊ အမှတ်(၂) ဗောတံတားတွင် ဒီဇင်ဘာ ၁၀ ရက် ည ၈ နာရီက ရန်ကုန်-လှိုင်းဘုန်းပြေးဆွဲသည့် “ဝမ်းစတားထွန်း” ကုန်တင်ရေယာဉ် ၁ စီး မီးလောင်မှုဖြစ်ပွားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အဆိုပါကုန်တင်ရေယာဉ်ပေါ်တွင် ပါရှိသော ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ သစ်ပုတ်ကြီးကျေးရွာနေ ဦးစိုးငြိမ်း (၆၅)နှစ်သည် ရေယာဉ်အား မီးလင်းစေရန်အတွက် တရုတ်နီ ၁၀ ကောင် မီးစက်အားမောင်း၍ မီးထွန်းထားရာ ည ၈ နာရီခန့်တွင် ရေယာဉ်၏ စက်ခန်း၌ မီးသွယ်တန်းထားသော လျှပ်စစ်ဝိုင်ယာကြိုး ရှော့ဖြစ်ရာမှတစ်ဆင့် ရေယာဉ်အား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရ၍ ဦးစိုးငြိမ်းအား ဆိပ်ကမ်းမြို့မရဲစခန်း (ပ)၅၁၃/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား