ဆန်ဈေးနှုန်းတည်ငြိမ်ရေး ဆန်လက်လီဆိုင်ဖွင့်၍ အထူးနှုန်းဖြင့် ရောင်းချ

မန္တလေး ၂၇ စက်တင်ဘာ

 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများဆောင်ရွက် နေစဉ်ကာလ ဆန်ဈေးနှုန်းများ မြင့်တက်မှုမရှိစေရေးနှင့် ဆန်ဈေးတည်ငြိမ်စေရေးအတွက် ရန်ကုန်နှင့် မန္တလေးမြို့များတွင် အရန်ဆန်များအား ထုတ်ရောင်းကာ လက်လီဆိုင်များဖွင့်လှစ်၍ အထူးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။

 

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၆လမ်း၊ လမ်း၃၀နှင့် ၃၁လမ်းနှင့် ၈၈လမ်း၊ ၃၃ လမ်းနှင့် ၃၄လမ်းကြားတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဆန်လက်လီအရောင်းဆိုင်ဖွင့်၍ ဆန်(၁)ပြီ ကျပ်(၁၀၀၀)၊ ဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၂၄၀၀၀) ဖြင့် လွတ်လပ်စွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

မောင်ပြည်သူ(မန္တလေး)