စင်ကာပူနိုင်ငံရဲ့ 5G နက်ဝက်တည်ဆောက်ရေးမှာ ဟွာဝေး ရွေးချယ်ခံရခြင်းမရှိ

၂၉ ဇွန်

စင်ကာပူနိုင်ငံက 5G နက်ဝက်တည်ဆောက်ရေးမှာ အဓိကလုပ်ငန်းတွေကို နိုကီယာနဲ့ အယ်ရစ်ဆင် နည်းပညာကုမ္ပဏီနေတေွကို ရွေးချယ်ပြီး ဟွာဝေးကိုတော့ အရေးမကြီးတဲ့ အလုပ်တွေလုပ်ရန်သာ ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။

 

အမေရိကန်နိုင်ငံရဲ့ ဖိအားတွေကို တိုးမြှင့်ခံနေရတဲ့ ဟွာဝေးက တရုတ်အစိုးရနဲ့ ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားပါတယ်။

 

စင်ကာပူနိုင်ငံရဲ့ 5G နက်ဝက်တည်ဆောက်ရေးကို Singtel ကုမ္ပဏီက တခြားကုမ္ပဏီနှစ်ခု (M1 and StarHub ကုမ္ပဏီ) နဲ့ ပူးတွဲတည်ဆောက်ရန် ဧပြီလပိုင်းက ရွေးချယ်ခံခဲ့ရပါတယ်။ 

 

5G နက်ဝက်တည်ဆောက်ရေး အဓိကအပိုင်းတွေကို တည်ဆောက်ရန် ဆွီဒင်နိုင်ငံက အယ်ရစ်ဆင် ကုမ္ပဏီကို အစိုးရက နောက်ဆုံးအနေနဲ့ အတည်ပြုရွေးချယ်ပြီးကြောင်း စင်ကာပူနိုင်ငံက Singtel ကုမ္ပဏီက ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။

 

5G နက်ဝက်တည်ဆောက်ရေး အခြေခံအဆောက်အအုံအတွက် နိုကီယာကုမ္ပဏီကို ရွေးချယ်ကြောင်းနဲ့ စီမံကိန်းရဲ့ တစ်ချို့ နေရာတွေအတွက် ဟွာဝေးကို ရွေးချယ်ကြောင်း M1 and StarHub ကုမ္ပဏီတွေကလည်း ကြေညာထားပါတယ်။

 

စင်ကာပူနိုင်ငံက အမြန်နှုန်းမြင့် အင်တာနက်ဆက်သွယ်ရေးကို ၂၀၂၂ နှစ်အကုန်မှာ နိုင်ငံရဲ့ တစ်ဝက်ကျော်မှာ အသုံးပြုနိုင်ရန် ရည်မှန်းထားပြီး တစ်နိုင်ငံလုံးကိုတော့ ၂၀၂၅ နှစ်အကုန်မှာ 5G နက်ဝက် တပ်ဆင်ပြီးရန် ရည်မှန်းထားပါတယ်။

 

အမေရိကန်နိုင်ငံက ပြီးခဲ့တဲ့ ၁၈ လကစပြီး ဟွာဝေးကုမ္ပဏီကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝန်းကို ဆော်ဩနေခဲ့ပါတယ်။

MDN

ကိုးကား- AFP