စင်ကာပူတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၃၆ ဦး ရှိ

၆ ဇူလိုင်

 

စင်ကာပူနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၃၆ ဦး ရှိပြီး ကူးစက်ခံရသူပေါင်း ၄၄၈၀ဝ အထိ မြင့်တက်လာသည်ဟု စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက သတင်းဖော်ပြခဲ့သည်။

 

အဆိုပါ ထပ်မံကူးစက်ခံရသူများတွင် ခုနစ်ဦးမှာ ပြည်ပပြန်များဖြစ်ကြောင်း၊ ၁၈ ဦးမှာ အုပ်စုလိုက် ကူးစက်ခြင်းဖြစ်ပြီး ကျန်ရှိသူများမှာ နိုင်ငံခြားသားအလုပ်သမားများ၏ အိပ်ဆောင်များနှင့် ဆက်စပ်ကာကူးစက်ခြင်း ဖြစ်သည်။

 

ထပ်မံ ကူးစက်ခံရသူများတွင် ၉၃ ရာခိုင်နှုန်းသည် အစုအပြုံလိုက် ကူးစက်မှုနှင့် ဆက်စပ်နေပြီး ထိတွေ့မှုရှိသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။

 

ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၂၄ ဦးသည်  ဆေးရုံများ သို့မဟုတ် သီးသန့်ခွဲခြားထားသည့် အဆောက်အဦများမှ ယမန်နေ့က ဆင်းခွင့်ရရှိခဲ့သည်။ အဆိုပါ နေရာများမှ ဆင်းခွင့်ရရှိပြီး ကျန်းမာရေးကောင်းမွန်လာသူ ၄၀၄၄၁ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

လက်ရှိ ဆေးရုံတွင် တက်ရောက်နေသူ အတည်ပြု ၂၁၂ ဦး ရှိသည်။ ၎င်းတို့အနက် အများစုမှာ အခြေအနေတည်ငြိမ်နေပြီး နှစ်ဦးမှာ အခြေအနေစိုးရိမ်ရပြီး အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။ ၄၁၂၁ ဦး ကို သီးသန့်အဆောက်အဦများတွင် သီးခြားစောင့်ရှောက်ထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို