စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ အငြိမ်းစား၀န်ထမ်းများ၏ ပင်စင်လစာများထုတ်ပေး

စဉ့်ကိုင် အောက်တိုဘာ ၂၇

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများကို အောက်တိုဘာ ၂၂ ရက်မှစတင်၍  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ အငြိမ်းစား၀န်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ပင်စင်လစာများ ထုတ်ပေးရာတွင် ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဘဏ်ရုံးအ၀င်တွင် လက်ဆေးဘေစင်၊ လက်သန့်ဆေးရည်များ၊ လက်ဆေးဆပ်ပြာများ ထားရှိပေးခြင်း၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှသာ ဘဏ်ရုံးအတွင်း ၀င်ရောက်စေခြင်း၊  တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာတွင် စီစဉ်ထားရှိပြီး အငြိမ်းစား၀န်ထမ်းများ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်တွင် အများသူငှာ ရုံးပိတ်ရက်မှအပ ရုံးဖွင့်ချိန်များတွင် ထုတ်ပေးလျက်ရှိကြောင်း၊ အောက်တိုဘာ ၂၂ ရက်မှ အောက်တိုဘာ ၂၆ ရက်အထိ အငြိမ်းစားပင်စင်၀န်ထမ်း ၇၉၉ ဦးအား ၈၉၆၅၅၁၂၂ ဒသမ ၆၇ ကျပ်အား ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် လစာထုတ်ရက်မတိုင်မီအထိ နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၃ နာရီထိ လူစုလူဝေးမဖြစ်ပေါ်စေရန်  စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

၀င်း၀င်းသန်း (စဉ့်ကိုင်)