စပိန်လက်ရွေးစင်ဘောလုံးသမား ဗီလာ ဘောလုံးသမားသက်တမ်း ၁၉ နှစ်ကို နောက်လမှာ အဆုံးသတ်မယ်

၁၃ နိုဝင်ဘာ

 

စပိန်အသင်းရဲ့ ထိပ်တန်းဂိုးသွင်းနိုင်သူ ရှေ့တန်းတိုက်စစ်မှူး ဒေးဗစ် ဗီလာက နောက်လမှာ သူ့ရဲ့ ဘောလုံးသမားဘဝကို အနားယူသွားမယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။ ဗီလာအနေနဲ့  ဘောလုံးသမားတစ်ယောက်ရဲ့ဘဝမှာ ကမ္ဘာ့ဖလား၊ ဥရောပချန်ပီယံ၊ ချန်ပီယံလိဂ်စတဲ့ ဖလားတွေ ပိုင်ဆိုင်ဖူးသူ ဖြစ်ပါတယ်။

 

အသက် ၃၇ နှစ်အရွယ် ဗီလာဟာ ၂၀၁၉ ခုနှစ်မှာ  ၁၉ နှစ်တာဘောလုံးသမားဘဝကို အဆုံးသတ်မှာ ဖြစ်ပါတယ်။ ဗီလာက ဘောလုံးလောက ကနေ အနားယူဖို့ စဉ်းစားနေတာ အချိန်ကြာပြီ။ မိသားစုတွေ မိတ်ဆွေတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး အနားယူလိုက်တာပါလို့ ပြောပါတယ်။

 

ဗီလာက သူဟာ ဘောလုံးကွင်းထဲမှာ မရှိတော့ဘဲ ဘောလုံးလောကထဲကို တခြားနည်းလမ်းနဲ့ ဆက်လက်ပြီး ရှိနေမှာလို့ ဆက်ပြောပါတယ်။

 

ဗီလာဟာ အမေရိကန်နိုင်ငံ နယူယောက်ပြည်နယ် ကွင်းစ် မှာ အခြေစိုက် Queensboro FC ဘောလုံးအသင်း တည်ထောင်သူဖြစ်ပါတယ်။ Queensboro FC ဘောလုံးအသင်းဟာ အမေရိကန်နိုင်ငံမှာ ဒုတိယတန်းမှာ ကစားနေတဲ့ အသင်းဖြစ်ပါတယ်။ 

 

ဗီလာဟာ J-လိဒ် ကစားပွဲရဲ့ နောက်ဆုံးရက်ဖြစ်တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ နှုတ်ဆက်ပွဲ ကျင်းပမှာဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP

 

ိ်တ