ဒီနေ့အတွက် သိကောင်းစရာ (၄၂)

(၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၆) ရက်

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဘာတွေကို လိုက်နာဆောင်ရွက်ရမလဲ ?

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု (၈) ကြိမ် ခံယူရပါမည်။ (ကိုယ်ဝန် (၃) လအတွင်း စောနိုင်သမျှ စောစောတွင် ပထမအကြိမ်၊ ကိုယ်ဝန် (၅) လနှင့် ကိုယ်ဝန် (၆) လတွင် ဒုတိယနှင့် တတိယအကြိမ်၊ ကိုယ်ဝန် (၇) လတွင် စတုတ္ထအကြိမ်၊ ကိုယ်ဝန် (၈) လမှ ကလေးမွေးဖွားသည့်အချိန်အထိ နှစ်ပတ် တစ်ကြိမ်ဖြင့် ပဉ္စမမှ အဌမအကြိမ်အထိ)

 

သံဓာတ်နှင့် ဖောလစ်ဓာတ်ပါသော အားဆေးကို နေ့စဉ် တစ်နေ့ (၁) လုံး မှန်မှန်သောက်ပါ။

 

မေးခိုင်၊ ဆုံဆို့နာ ကာကွယ်ဆေးကို ထိုးရမည့်အကြိမ်အရေအတွက်အတိုင်း ထိုးပါ။

 

လုံလောက်စွာ အိပ်စက်အနားယူပါ။

 

သင့်တင့်သော ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။

 

ဆေးလိပ်၊ အရက် သောက်သုံးခြင်း၊ ကွမ်းစားခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့ကို လုံးဝ (လုံးဝ)ရှောင် ရှားပါ။

 

မွေးဖွားမည့်အစီအစဉ် ကြိုတင်စီစဉ်ထားပါ။ (မွေးဖွားမည့်ရက်၊ မွေးဖွားမည့်နေရာ၊ မွေးဖွားပေးမည့်သူ၊ အရေးပေါ်အခြေအနေတွင် သွားရောက်မည့် ဆေးရုံ/ ဆေးခန်း/ ကျန်းမာရေးဌာန၊ အဆိုပါနေရာသို့ သွားရောက်ရန် သယ်ယူပို့ဆောင်မှု စသည်ဖြင့်)

 

ကိုယ်ဝန်ဆောင်နေစဉ် အောက်ဖော်ပြပါ လက္ခဏာများ ဖြစ်ပေါ်လာပါက ဆေးရုံ/ ဆေးခန်း/ ကျန်းမာရေး ဌာနများသို့ ချက်ချင်းသွားရပါမည်။

 

မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း

ခေါင်းပြင်းထန်စွာကိုက်ပြီး အမြင်မှုန်ဝါးခြင်း

အန်ခြင်း၊ ရင်ညွန့် (သို့) ညာဘက်နံရိုးအောက် အောင့်ခြင်း

ဝမ်းဗိုက်အလွန်အမင်း ဆက်တိုက်နာခြင်း

ဖျားပြီးအိပ်ရာမှ မထနိုင်လောက်အောင် အားနည်းခြင်း

အသက်ရှူမြန်ခြင်း၊ အသက်ရှူခက်ခြင်း

ကလေးလှုပ်ရှားမှုနည်းခြင်း

 

မိခင်နှင့်ကလေးကျန်းမာစေရန် ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းနှင့် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုကို စောနိုင်သမျှစောစောနှင့် (၈)ကြိမ် အချိန်မှန်၊ အကြိမ်ပြည့် စောင့်ရှောက်မှုခံယူပါ။ ဆေးရုံ/ ဆေးခန်း/ ကျန်းမာရေးဌာနသို့ ချက်ချင်း သွားရောက်ရမည့် အထက်ဖော်ပြပါ လက္ခဏာတစ်ခုခု ဖြစ်ပါက ဆေးရုံ/ ဆေးခန်း/ ကျန်းမာရေးဌာနသို့ ချက်ချင်းသွားရောက်ပါ။

#Ministry_of_Health_and_Sports, #MoHS, #Todays_Message, #ဒီနေ့အတွက်သိကောင်းစရာ, #antenatal_care, #AN_care