ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ

နေပြည်တော် ၁၉ နိုဝင်ဘာ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

်၄၄

 

အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးမာန်လောမောင်း၏ ချင်းပြည်နယ်မင်းတပ်မြို့နယ်၊ မင်းတပ်-ရှစ်-တွီလီ-ဒုတ်မှတစ်ဆင့် ဒုတ်-ခါရှိပ်-မကွီအိမ်နူး မြို့သို့ဆက်သွယ်ထားသော ဆိုင်ကယ်လမ်းအား ကားလမ်းအဖြစ် အဆင့်တိုးမြှင့် ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က မင်းတပ်မြို့နယ်၊ မင်းတပ် - ရှစ် - တွီလီ - ဒုတ် လမ်းခွဲမှ ဒုတ် - ခါရှိပ် - မကွီအိမ်နူးလမ်းပိုင်းတွင် ကျန်ရှိသော ဒုတ် - ခါရှိပ် ကျေးရွာလမ်းအထိ လမ်းအရှည် ()မိုင်နှင့် ကျုံလောင်း - မကွီအိမ်နူးလမ်းပိုင်းအရှည် ()မိုင်တို့သည် လမ်းအဆင့်သတ်မှတ်ချက်အရ Class (C) ဦးစားပေးအဆင့်()တွင် ပါဝင်သဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများတွင် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၏ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့အဝင် လမ်းမကြီးအား လမ်းဦးစီးဌာနသို့ လွှဲပြောင်းပေးပြီး အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော အိုးသည်ကုန်းမြို့အဝင်လမ်း ()မိုင် ()ဖာလုံ ပေ (၄၈၀) အား လမ်းဦးစီးဌာနသို့လွှဲပြောင်းရန် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောတူညီချက် ရရှိပြီးပါက ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးသို့ တင်ပြဆုံးဖြတ်ပြီး လမ်းဦးစီးဌာနပိုင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းအဖြစ် လွှဲပြောင်းလက်ခံဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်()မှ ဒေါ်ခင်ဆွေလွင်၏ ချင်းပြည်နယ်အတွက် ဂျပန်နိုင်ငံ JICA မှ လှူဒါန်းထားသော စက်ကြီး (၁၂၀)စီးအား မည်သည့်လုပ်ငန်းအတွက် မည်သို့ အသုံးပြုနေသည်ကို သိရှိလိုခြင်းနှင့် သတ်မှတ်ထားသော လုပ်ငန်းများ ပြီးဆုံးသွားပါက ချင်းပြည်နယ်ရှိ မြို့နယ် ()မြို့နယ်တွင် အသုံးပြုနိုင်ရန် ခွဲဝေပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျှဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က JICA ထောက်ပံ့မှုအစီအစဉ်ဖြင့် ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်လမ်းများ အဆင့်မြှင့်တင် တည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး စီမံချက်ကို Exchange of Notes စာချွန်တော် လက်မှတ်ရေးထိုးခဲ့ပြီး ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်း၏ ရည်မှန်းချက်အနေဖြင့် ချင်းပြည်နယ်အပိုင်းတွင် ကလေး - ဖလမ်း - ဟား ခါးလမ်း (၁၁၅)မိုင်အတွင်း (၃၄)ပေအကျယ် လမ်းတာချဲ့ခြင်းနှင့် (၁၈)ပေအကျယ် ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအား ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ()နှစ်အတွင်း ဆောင်ရွက်ရန် လိုအပ်သော စက်ယန္တရား (၂၄)မျိုး၊ အစီးရေ(၉၀)စီးအား ထောက်ပံ့ခဲ့ခြင်း ဖြစ်ပါကြောင်း။

JICA နှင့် ချုပ်ဆိုခဲ့သော Exchange of Notes နှင့် Record of Discussion အရအဆိုပါ စက်ယန္တရားများအား ချင်းပြည်နယ်ရှိ မြို့နယ်()မြို့နယ်တွင် သီးခြားခွဲဝေပေးနိုင်ခြင်း မရှိပါကြောင်းနှင့် အကယ်၍ ချင်းပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ မြို့နယ်များမှ လုပ်ငန်းလိုအပ်ချက်အရ သုံးစွဲရန် တောင်းခံလာမည်ဆိုပါက ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်သော လုပ်ငန်းများတွင် စက်ယန္တရားများ ပိုလျှံမှသာ သက်ဆိုင်ရာ ခရိုင်အင်ဂျင်နီယာများ၏ စိစစ်တင်ပြမှုအပေါ် ဆောက်လုပ်ရေးဝန်ကြီး ဌာန၏ခွင့်ပြုချက်ဖြင့် Equipment Fleet ယန္တရားအုပ်စုအလိုက် စေလွှတ်၍ ဆောင်ရွက်နိုင်ပါကြောင်းနှင့် တောင်းခံထားသော လုပ်ငန်းများဆောင်ရွက် ပြီးစီးပါက JICA စက်ယန္တရား စခန်းတွင် ပြန်လည်အခြေပြု၍ ထိန်းသိမ်းထားရှိရမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးမျိုးဝင်း၏ ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ပြိုခြင်းနှင့်အတူ ပြင်းထန်စွာ စီးဆင်းလာသော တောင်ကျရေများကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမားစွာ ဖြစ်ပေါ်ခဲ့ရသည့် ရေးမြို့နယ်၊ ရေးမြစ်တစ်လျှောက်ရှိ လမ်းတံတားများ ပြန်လည်ပြုပြင် တည်ဆောက်ရေးအတွက် အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် ရေးမြို့နယ်အတွင်း သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့သော ကျေးလက် လမ်း/တံတားများကို ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းအတွက် သဘာဝဘေးရန်ပုံငွေနှင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် သဘာဝဘေးကြောင့် ဖြစ်ပေါ်လာသော လမ်းပန်းဆက်သွယ်မှု ပြတ်တောက်မှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ချက်ချင်းဖြေရှင်း ဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့သော မိုးရာသီတွင် ကြီးမားစွာ ပျက်စီးခဲ့သော မလွှဲတောင် - ထားဝယ်လမ်းပိုင်း၌ တံတားထိုးရမည့် နေရာတွင် အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲရန် စီစဉ်လျက်ရှိပါကြောင်း၊ ကျန်ရှိသော လမ်းတံတား အသေးစားပျက်စီးမှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာကျော်ငွေ၏ မြန်မာ့ မီးရထားက တာဝန်ယူ ထိန်းသိမ်းထားရသော ကားလမ်းနှင့် ရထားလမ်း တွဲလျက်ပါသည့် မြစ်ကူး၊ ချောင်းကူးတံတားများပေါ်ရှိ ကားလမ်းများ ပျက်စီးပါက အချိန်တိုအတွင်း ပြုပြင်ပေးနိုင်ရန် သက်ဆိုင်ရာ လမ်းဦးစီးဌာန သို့မဟုတ် BOT စနစ်ဖြင့် ဆောင်ရွက်နေသော ကုမ္ပဏီများသို့ ပြုပြင်ခွင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက မြန်မာ့မီး ရထားက ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် တံတားအများစုမှာ ရထားလမ်းနှင့်ကား လမ်းပေါင်း၍ တည်ဆောက်ထားသဖြင့် ကားလမ်းများကို သီးခြားပြုပြင်ထိန်းသိမ်းရန် အခက်အခဲများ ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လတ်တလောအနေဖြင့် မြန်မာ့မီးရထားပိုင် မြစ်ကူး၊ ချောင်းကူး၊ တံတားများကို သက်ဆိုင်ရာ လမ်းဦးစီးဌာန (သို့မဟုတ်) BOT စနစ်ဖြင့် ဆောင်ရွက်နေသော ကုမ္ပဏီများသို့ ပြုပြင်ခွင့်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း ဖြေကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာ ရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးကျော်ကျော်က အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို နိုဝင်ဘာ ၂၂ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ မိုက်ကယ်ထန်း