ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

နေပြည်တော် ၁၉  ဒီဇင်ဘာ 
    

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
    

အစည်းအဝေးတွင် ရမ်းဗြဲ မဲဆန္ဒနယ်မှ ဦးကျော်ရွှေ၏ ရမ်းဗြဲမြို့နယ်၊ သင်္ကနက် ကျေးရွာတွင် တည်ဆောက်ထားသော Cyclone Shelter အား ပြီးပြတ်အောင် တည်ဆောက်မပေးမှုနှင့် စပ်လျဉ်း၍ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် က သင်္ကနက်ကျေးရွာရှိ Shelter ကို တင်ဒါအောင်မြင်ခဲ့သည့် ရမ်းဗြဲရွှေမြေကုမ္ပဏီက ဆောက်လုပ်ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်ရန် အတွက် ငွေကြေးအခက်အခဲများကြောင့် ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် ၂၀၁၉ခုနှစ် ဇူလိုင် ၁ ရက်တွင် လုပ်ငန်းပြန်လည်အပ်နှံခွင့်တင်ပြခဲ့ပါကြောင်း။
    

ရမ်းဗြဲရွှေမြေကုမ္ပဏီသည် Shelter  တည်ဆောက်ရာတွင် မုန်တိုင်းဝင်ရောက် တိုက်ခတ်သဖြင့် ဆောက်လုပ်ရေးပစ္စည်းများ ပျက်စီးဆုံးရှုံးမှုကြောင့် လည်းကောင်း၊ ဒီဇိုင်းပုံစံပြောင်းလဲမှုကြောင့်လည်းကောင်း ငွေကြေးအခက်အခဲနှင့်  ကြုံတွေ့နေရ သဖြင့် အဆိုပါ Shelter ကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် လုပ်ငန်း ပြန်လည်အပ်နှံခွင့်ပြုပါရန် တင်ပြလာသည့်ကိစ္စနှင့် စပ်လျဉ်း၍  ကုမ္ပဏီနှင့် ချုပ်ဆိုခဲ့သည့် စာချုပ်၏ အပိုဒ်(၂၃)၊ အပိုဒ်ခွဲ (ဃ)တွင် သတ်မှတ်ထားသည့်ကာလ အတွင်း လုပ်ငန်း၏ မူလရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်စွမ်းမရှိသည့် အခါ  စာချုပ်ရပ်စဲရမည်ဟု ပါရှိပြီး အပိုဒ် (၁၅)အရ ကုမ္ပဏီက Shelter တည်ဆောက်ခြင်းအတွက် ပေးသွင်းထားသည့် တင်ဒါအာမခံကြေး Performance Guarantee (PG) ၅ ရာခိုင်နှုန်းကို ဘဏ်မှ ထုတ်ယူ၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေကို အပ်နှံနိုင်ရေးအတွက် စာချုပ်ရပ်စဲပြီး စည်းကမ်းချက်များနှင့်အညီ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း။


ထို့ပြင် ရမ်းဗြဲရွှေမြေကုမ္ပဏီအား နိုင်ငံတော်အဆင့်  အမည်ပျက်စာရင်း (Black List) ထည့်သွင်း သတ်မှတ်သွားနိုင်ရေးအတွက်  လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင် ရွက် လျက်ရှိပါကြောင်း၊ ကုမ္ပဏီနှင့်ဝန်ကြီးဌာနတို့ အငြင်းပွားမှုတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါ က စာချုပ်၏ အပိုဒ်(၂၀)အရ တရားရုံး၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သဖြင့်  အဆိုပါ ကုမ္ပဏီများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သင်္ကနက်ရွာမှ Shelter ကို ယခုပွင့်လင်းရာသီတွင် ဆောက်လုပ်ပြီးစီးနိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ တင်ဒါကော်မတီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့တို့ ပေါင်းစပ်ဖွဲ့စည်း ဆောင်ရွက်ထားရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။


ဒလ မဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေး၏  ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများ ဆောက်လုပ်ရာတွင် နိုင်ငံတော်မှ ပျဉ်းကတိုးကျည်းပေါင်၊ ကျွန်းတံခါးရွက်များပြုလုပ်ရန် ချမှတ်ထားသောပြတင်းပေါက်များအစား PVCပြောင်းလဲ တပ်ဆင်ခြင်းကို တရားဝင်ခွင့်ပြုခြင်းရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အခြေခံပညာဦးစီးဌာန အနေဖြင့် အခြေခံပညာကျောင်းများ ဆောက်လုပ်ရာတွင်  ပျဉ်းကတိုးကျည်းပေါင်၊ ကျွန်းတံခါးရွက်များကို တပ်ဆင်အသုံးပြုရန်အတွက် သတ်မှတ်စံချိန်စံညွှန်းများဖြင့် ပုံများ၊ ပုံစံများ ဖြန့်ေ၀ ဆောင်ရွက်ထားပါကြောင်း၊ ယခုအချိန်တွင် သစ်မာအုပ်စုဝင်ဖြစ်သော ကျွန်း၊ ပျဉ်းက တိုးများအသုံးပြုရန် နိုင်ငံတော်အစိုးရ၏ ထုတ်ပြန်သည့် ဥပဒေများအရ ကန့်သတ် ချက်များ ရှိလာသည့်အတွက် ပလပ်စတစ်မဟုတ်သော သစ်အစားထိုးပစ္စည်း ဖြစ် သည့် ပြတင်း၊ တံခါးရွက်၊ ကျည်းပေါင်များကိုလည်း အသုံးပြုလာနိုင်စေရေးအတွက်  Drawing များလည်း ပြုစုဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဈေးနှုန်းသင့်လျော်ပြီးပိုမိုခိုင်ခန့် ကောင်းမွန်သော Aluminum Powder Coated Panel များကို သစ်မာရှားပါးခက်ခဲပြီး မရလွယ်နိုင်သည့်ဒေသများ အတွက်နှင့် သစ်မာအသုံးပြုနိုင်သော ဒေသများအတွက် Timber Frame Panel များ အသုံးပြုနိုင် ရန် ပုံစံ ၂ မျိုးဖြင့်  Drawing  များပြုစုရေးဆွဲ ဖြန့်ဝေထားပါကြောင်း ရှင်းလင်းဖြေကြားသည်။


ရွှေကူ မဲဆန္ဒနယ်မှ ဦးဇာနည်မင်း၏ အခြေခံပညာအလယ်တန်း သို့မဟုတ် အထက်တန်းတွင် ဒီမိုကရေစီစနစ်နှင့် လွှတ်တော်အခန်းကဏ္ဍတို့အား သင်ရိုးညွှန်း တမ်းတွင် ပြဋ္ဌာန်း၍ သင်ကြားသွားရန် မည်ကဲ့သို့ စီမံဆောင်ရွက်သွားမည်ကို သိရှိလို ခြင်း မေးခွန်းနှင့်စပ်လျဉ်း၍  ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဒီမိုကရေစီစနစ်နှင့်စပ်လျဉ်း၍ အခြေခံပညာသင်ရိုးညွှန်းတမ်း သင်ရိုးသစ် ဆဋ္ဌမတန်း (Grade-6)၊ စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်၏ အခန်း(၃) စည်းကမ်းနှင့် ဥပဒေ ကဏ္ဍတွင် ထည့်သွင်းပြဋ္ဌာန်း သင်ကြားရန် စီစဉ်ပြီးဖြစ်ပါကြောင်း။


သင်ရိုးသစ် သတ္တမတန်း၊ အဋ္ဌမတန်း၊ နဝမတန်းတို့တွင် ကျောင်းသား၊ ကျောင်း သူများအား တာဝန်ယူတတ်သည့် နိုင်ငံ့သားကောင်းများဖြစ်လာစေရန် ဒီမိုကရေစီ၏ အလေ့အကျင့်ဖြစ်သောတာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို နေ့စဉ်ဘဝတွင် လက်တွေ့ ကျင့်သုံးလာနိုင်စေရန်၊ နိုင်ငံသားတစ်ဦး၏ တာဝန်နှင့်သင့်လျော်သော ဒီမိုကရေစီ အလေ့အကျင့်များကို လေ့ကျင့်လိုက်နာ တတ်စေရန်၊ နိုင်ငံ့သားကောင်းဖြစ်ရန် အ ထောက်အပံ့ပြုစေမည့် ဒီမိုကရေစီဆိုင်ရာ အလေ့အကျင့်ကောင်းများကို ဆန်းစစ်တတ် စေရန်၊ ဆန္ဒမဲပေးရွေးချယ်ခြင်းတွင် လက်တွေ့ပါဝင်စေခြင်းနှင့် ဒီမိုကရေစီ၏ လုပ်ငန်း စဉ်အဆင့်ဆင့်တွင် တာဝန်ကျေပွန်စွာ ပါဝင်ဆောင်ရွက်တတ်သူများ ဖြစ်လာ စေရန်တို့ အတွက် သင်ခန်းစာများကို ထည့်သွင်းပြီးဖြစ်ပါကြောင်း၊ သင်ရိုးသစ် ဒသမတန်း (Grade -10) စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ် အခန်း(၃) တွင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သည့် စီမံခန့်ခွဲရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ကဏ္ဍများ နှင့် လွှတ်တော်၏အခန်းကဏ္ဍကိုလည်း ထည့်သွင်းသင်ကြားရန်  စီစဉ်ထားပြီး ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားသည်။


ဆက်လက်၍ မင်းလှ မဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုး၏ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသော မူကြို ကျောင်းများနှင့် ပြင်ပပုဂ္ဂလိက မူကြိုကျောင်းများတွင် သင်ရိုးညွှန်းတမ်း စနစ်တကျ ရေးဆွဲထားခြင်း ရှိ၊ မရှိ နှင့် ပြင်ပမူကြိုကျောင်းများကို မည်သည့်ဌာနက ၊ မည်သို့ ကြီးကြပ်ထိန်းသိမ်းဆောင်ရွက်နေသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍  ဒုတိယ ဝန်ကြီး ဦးစိုးအောင်က လည်းကောင်း၊ စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးခင်မောင်သိန်း၏ စစ်ကိုင်းမြို့နယ်၊ အုတ်ဖိုကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းအား သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ကျောင်းနေရာရွှေ့ ၍ ဆောက်လုပ်ခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ ငပုတော မဲဆန္ဒနယ်မှ ဦးသန်းအောင်၏ ငပုတောမြို့နယ်တွင်  အန္တရာယ်ရှိ ကျောင်း ဆောင်များ၊ ကျောင်းသားဦးရေနှင့် စာသင်ခန်းအချိုး မညီမျှသော အခြေခံပညာ ကျောင်း များကို ၂၀၂၀-၂၀၂၁ ဘတ်ဂျက်တွင် ထည့်သွင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ကျွန်းစု မဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီ၏ မြန်မာနိုင်ငံတစ်ဝန်း မြို့နယ်များရှိ အ.ထ.က ကျောင်းများတွင် အားကစားလေ့ကျင့်ရေးပစ္စည်းများကို ထားရှိဆောင်ရွက် ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကလည်းကောင်း ရှင်းလင်းဖြေကြားသည်။


ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တင်သွင်းသည့် တရားလွှတ် တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများ နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဒေါ်မာမာခိုင်က ဥပဒေကြမ်းကော်မတီမှ ပြင်ဆင် ထားသည့် အချက် ၉ ချက်ကို တင်ပြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ သဘောထားရယူပြီး လွှတ်တော်၏ အဆုံး အဖြတ်ရယူ အတည်ပြုသည်။


ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက  တရားလွှတ်တော်ရှေ့နေများ ကောင် စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများ  တစ်ရပ်လုံးကို ပြင်ဆင်ထား သည့်  နည်းဥပဒေ၊ နည်းဥပဒေခွဲများအတိုင်း  အတည်ပြုရန် လွှတ်တော်၏ သဘော ထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။


ယင်းနောက် ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံရန်အတွက် ကော်မတီဝင် ဒေါက်တာအေးမင်းက အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က လွှတ် တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။


ဆက်လက်၍ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၏ နှစ်ပတ် လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ မြောက်ဦး မဲဆန္ဒနယ်မှ ဦးဦးလှစော နှင့် တပ်မတော် သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ဝင်းမင်းထွန်းတို့က ဆွေးနွေးကြသည်။

 

ထို့နောက်  ကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းက လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ နှင့်စပ်လျဉ်း၍  ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

 

ယင်းနောက် ကော်မတီဝင် ဒေါက်တာဒေါ်ရွှေပုံက အဆိုပါ နှစ်ပတ်လည်အစီရင် ခံစာ ကို လွှတ်တော်က သဘောတူလက်ခံရန်အတွက်  အဆိုတင်သွင်းပြီး ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ် ရေးဆိုင်ရာ ကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာကို တပ်မတော်သားပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဗိုလ်မှူးရဲနိုင်လွင်နှင့် သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်းတို့က ဆွေးနွေးကြသည်။

ထို့နောက်  ကော်မတီဥက္ကဋ္ဌ ဦးဝင်းထွဋ်က လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ နှင့်စပ်လျဉ်း၍  ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် ကော်မတီ အတွင်းရေးမှူး ဒေါ်ယဉ်မင်းလှိုင်က အဆိုပါ နှစ်ပတ် လည်အစီရင်ခံစာကို လွှတ်တော် က သဘောတူလက်ခံရန်အတွက်  အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ယခု ပုံမှန်အစည်းအဝေးကာလအတွင်းတွင် အစည်းအဝေးကျင်းပ ရက် ၁၈ ရက်ရှိခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်း ၁၂၈ ခု မေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့်မပြ မေးခွန်း ၄၆၀ ခုဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဝမ်းနည်းကြောင်း အဆိုတစ် ခုအပါအဝင် အဆို ၄ ခု တင်သွင်းခဲ့ပြီး အတည်ပြုအဆို ၂ ခု၊ အတည်မပြုအဆို ၁ခုနှင့် မှတ်တမ်းတင် အဆို ၁ ခုတို့ ဖြစ်ကြပါကြောင်း၊ ဆောင်ရွက်ခဲ့သည့် ဥပဒေကြမ်း ၂၀ ခုရှိ ပြီး ဥပဒေကြမ်း ၁၀ ခုကို အတည်ပြုနိုင်ခဲ့ပါကြောင်း၊ ဆက်လက်ဆောင်ရွက်ရန် ဥပဒေ ကြမ်း ၁၀ ခု ကျန်ရှိပါကြောင်း။

 

ယခုအစည်းအဝေးကာလအတွင်း တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ၁ဦး ကတိသစ္စာပြုခြင်း၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် တိုင် ကြားစာနှင့် အသနားခံစာဆိုင်ရာကော်မတီတို့တွင် ကော်မတီ အဖွဲ့ဝင်များ ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခြင်း၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီမှ အဖွဲ့ဝင်တစ်ဦးပယ်ဖျက်ခြင်း၊ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃ဦး ကို ကော်မတီများတွင် လေ့လာသူများအဖြစ် အစားထိုးလဲလှယ်တာဝန်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ပြင် ကော်မတီ ၁၇ ခု၏ နှစ်ပတ်လည်အစီရင်ခံစာကိုလည်း အတည်ပြုနိုင်ခဲ့ပါကြောင်း၊ သုတေသနဆိုင်ရာဆောင်ရွက်ချက်များ အနေဖြင့် လွှတ် တော်ကိုယ်စားလှယ်များ၏ တစ်ဦးချင်းစုံစမ်းမေးမြန်းမှု ၄၀ ခု ပြန်ကြားပေးခြင်းနှင့် သု တေသနစာတမ်းတို ၁၀စောင်ကို ဖြန့်ဝေနိုင်ခဲ့ပါကြောင်း။

 

ယနေ့ကာလသည် ပြည်သူကို ဗဟိုပြုသည့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေ သည့် ကာလဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် မဖြစ်မနေဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်သည့် ကိစ္စများကို မိမိတို့အားလုံး လက်တွဲညီညီနှင့် ဆောင်ရွက်သွား ကြရမည့် ကာလဖြစ်ပါကြောင်း၊ သွေးစည်း ညီညွတ်ရမည့် အချိန်ဖြစ်သောကြောင့် စည်းလုံးခြင်းသည် အင်အားဆိုသည့် အတိုင်း အသိနှင့်သတိ ရှိရမည့်အချိန်လည်း ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းအစဉ်အလာကို ပြန်ကြည့်မည်ဆိုပါက အချင်းချင်း သွေးကွဲသည့်အခါ တိုင်းပြည်နစ်နာခဲ့မှုများကို သင်ခန်းစာ ယူရမည်ဖြစ်ပါကြောင်း၊ ထို့ ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု အကျိုးဖြစ်ထွန်းစေမည့် ကိစ္စ များကို ပါတီအဖွဲ့အစည်းမခွဲခြားဘဲ မိမိတို့အားလုံးတွင် တာဝန်ရှိသည်ဟု ခံယူပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။

 

လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်သူကို ကိုယ်စားပြုရေးတာဝန်၊ အပြန် အလှန် ထိန်းညှိရေးတာဝန်နှင့် ဥပဒေပြုရေးတာဝန်များကို တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးကြပါ။ မိမိတို့ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ များကို သမာသမတ်ကျကျဖြင့် အပြုသဘောဆောင်၍ လုပ်ဆောင်ပေးကြပါ။ ပြည်သူ လူထုက လေးစားတန်ဖိုးထားရသည့် ကိုယ်စားလှယ်ကောင်းများဖြစ်အောင် အစဉ်အမြဲ ကျင့်ကြံဆောင်ရွက်ကြပါ။ ပြည်သူများ၏ ယုံကြည်မှု ပိုမိုရရှိစေရန်နှင့် ပြည်သူများကိုယ် တိုင် ပါဝင်ခွင့်ရှိသည့် ဒီမိုကရေစီ အလေ့အကျင့်ကောင်းများအတွက် ခိုင်မာအားကောင်း စေရန်အတွက် ပြည်သူများနှင့်အတူ လက်တွဲကူညီဆောင်ရွက်ပေးကြပါဟု  တိုက်တွန်း ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်  ပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ  ကျင်း ပပြီးစီးကြောင်း ကြေညာသည်။              
 

အေးအေးသန့်(သတင်းစဉ်)