ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၆)ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ၁၉ မတ်

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၆)ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၅၄ ဦးရှိသည့်အနက် ၆၃၁ ဦးတက်ရောက်ပြီး ၂၃ ဦး ခွင့်တိုင်ကြားသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က Coronavirus Disease 2019 (COVID – 19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၂၉ ဦး၏ နေ့တွက်စရိတ် တစ်ရက်စာ လှူဒါန်းငွေ ငွေကျပ် ၈၅ သိန်း သောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၁၅ ဦးတို့၏ နေ့တွက်စရိတ် တစ်ရက်စာလှူဒါန်းငွေကျပ် ၄၃ သိန်း စုစုပေါင်း ငွေကျပ် ၁၂၈ သိန်း သောင်းကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာအစုအဖွဲ့ကိုယ်စားလှယ်တို့က ယနေ့နံနက်ပိုင်းတွင် ပေးအပ်လှူဒါန်းပြီးဖြစ်ကြောင်း အသိပေးတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနက ပေးပို့ခဲ့သည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပေးပို့ခဲ့သည့် အမှုတွဲ မိတ္တူကူးခြင်းဆိုင်ရာ နည်းဥပဒေများနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က သဘောတူထားသည့် ပြင်ဆင်ချက်များကို ပြည်သူ့လွှတ်တော်မှ ပြည်ထောင်စုလွှတ်တော်သို့ ၂၀၂၀ ပြည့်နှစ် မတ် ရက်တွင် ပေးပို့ခဲ့ပါကြောင်း၊ အဆိုပါ နည်းဥပဒေပြင်ဆင်ချက်များကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသို့ ၂၀၂၀ ပြည့်နှစ် မတ် ၁၁ ရက်တွင် ပေးပို့ခဲ့ပြီး ဖြစ်ပါကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၄ - က အရလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူ၍ မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် အတွင်းရှိ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ ပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို လွှတ်တော်သို့ တင်ပြ၍ မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ()တွင် အကျုံးဝင်သော ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ်()နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်ကို ဆောင်ရွက်သည်။

 

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက အတည်ပြုမည့် ဆန္ဒမဲလက်မှတ်များကို ရေတွက်အပ်နှံသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ညွှန်ကြားရေးမှူးချုပ် ယူဆောင်လာသည့် ဆန္ဒမဲလက်မှတ် အရေအတွက် ၆၅၀ စောင် ဖြစ်ပါကြောင်း၊ ယနေ့တက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ် ၆၃၁ ဦး ဖြစ်သည့်အတွက် အပိုဆန္ဒမဲ လက်မှတ် ၁၉ စောင်ကို မိမိထံတွင် ထားရှိမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းအဖွဲ့ ()ဖွဲ့တို့က တာဝန်ပေးထားသည့် အကန့်အလိုက် နေရာယူကြသည်။

 

ထို့နောက် ညွှန်ကြားရေးမှူးချုပ်ထံမှ ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ထုတ်ယူပြီး အကန့်အလိုက် တာဝန်ပေးထားသည့် ဝန်ထမ်းအဖွဲ့ ()ဖွဲ့ထံသို့ အစည်းအဝေးတက်ရောက်မှုအင်အားအတိုင်း ခွဲဝေပေးသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းအောင် () ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက သတ်မှတ် နေရာတွင် လျှို့ဝှက်ဆန္ဒပြုခြင်း နည်းလမ်းဖြင့် ဆန္ဒမဲပေးကြသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က သတ်မှတ်နေရာတွင် လျှို့ဝှက်ဆန္ဒပြုခြင်း နည်းလမ်းဖြင့် ဆန္ဒမဲပေးသည်။

 

ဆန္ဒမဲပေးမှု ပြီးမြောက်ပြီးနောက် သက်ဆိုင်ရာ တာဝန်ခံများက ဆန္ဒမဲပုံးများကို လွှတ်တော်ကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် ဖွင့်လှစ်၍ ထုတ်ပေးထားသည့် ဆန္ဒမဲလက်မှတ်အရေအတွက်နှင့် ဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူရရှိသည့်ဆန္ဒမဲ လက်မှတ်အရေအတွက် အခြေအနေကို စစ်ဆေးရေတွက်သည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်ကိုယ်စားလှယ်များထံ ထုတ်ပေးထားသည့် ဆန္ဒမဲလက်မှတ် ၆၃၁ စောင်ဖြစ်ပြီး ယခုဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူရရှိသည့် ဆန္ဒမဲလက်မှတ်အရေအတွက်သည်လည်း ၆၃၁ စောင်ဖြစ်သည့်အတွက် ကိုက်ညီမှုရှိကြောင်းနှင့် ဆန္ဒမဲပေးမှု အထမြောက်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပုဒ်မ၊ ပုဒ်မခွဲအလိုက် ရလဒ်ရေတွက်မှုကို ဝန်ထမ်းအဖွဲ့ ()ဖွဲ့ဖြင့် သတ်မှတ်နေရာအသီးသီး၌ တစ်ပြိုင်တည်း ရေတွက်ကြရာ နိုင်ငံရေးပါတီအစုအဖွဲ့အလိုက် အမည်စာရင်းပေးထားသည့် လွှတ်တော်ကိုယ်စားလှယ်များက သတ်မှတ်အဖွဲ့နေရာများ၌ ကြီးကြပ် စောင့်ကြည့်ကြသည်။

 

ဆက်လက်၍ အဖွဲ့ ()ဖွဲ့ခွဲ၍ အသေးစိတ်စိစစ်ရေတွက်မှု ပြီးမြောက်ပြီးနောက် သက်ဆိုင်ရာ ရုံးအဖွဲ့နှင့် နိုင်ငံရေးပါတီအစုအဖွဲ့အလိုက် ကိုယ်စားလှယ်()ဦးပါဝင်သည့် အဖွဲ့က ကြီးကြပ်ပြီး စာရင်းချုပ်နှင့် ထောက်ခံဆန္ဒမဲ အရေအတွက် ရာခိုင်နှုန်းတွက်ချက်မှုတို့ကို ဆက်လက်ဆောင်ရွက်သည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယနေ့လွှတ်တော်၏ အဆုံးအဖြတ်ရယူသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပြင်ဆင်ချက် ပုဒ်မ၊ ပုဒ်မခွဲအလိုက် ထောက်ခံဆန္ဒမဲရရှိမှု အရေအတွက် ၇၅ ရာခိုင်နှုန်းကျော် ရ၊ မရ နှင့် လွှတ်တော်၏ ဆုံးဖြတ်အတည်ပြုချက်တို့ကို ကြေညာရာတွင် ပုဒ်မ  ၃၀၁ ပုဒ်မခွဲ() ပုဒ်မခွဲငယ်() ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ၄၀၈ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၃၁၀ ပုဒ်မခွဲ()ပုဒ်မ ခွဲငယ်() ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၈ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၃၁၉ ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒ မဲ ၄၀၈ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၃၂၂ ပုဒ်မခွဲ() ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၃ဝမဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၃၃၃ ပုဒ်မခွဲ() ပုဒ်မခွဲငယ်() ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၈ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း။

 

ပုဒ်မ ၃၃၈ ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ  ၄၀၇မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၃၃၉ ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၇မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၃၄၄ ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ  ၅၇၄ မဲဖြစ်ပြီး ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံသည့်အတွက် ပြင်ဆင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပုဒ်မ ၃၅၉  ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၉မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ  ၃၇၆ ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၁ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း။

 

ပုဒ်မ၃၉၆  ပုဒ်မခွဲ() ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၉ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၃၉၈ ပုဒ်မခွဲ() ပုဒ်မခွဲငယ်(ပုဒ်မခွဲငယ်စိတ်(ဃဃ) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၇ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၃၉၉ ပုဒ်မခွဲ() ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၈မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်း ဖြစ်ကြောင်း၊ ပုဒ်မ ၄၀၂ ၏ခြေဆင်း ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၂၃၄ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မခွဲ()တွင် အကျုံးဝင်သည့် ဆန္ဒမဲလက်မှတ် ()နှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်ပြီးဆုံးပြီဖြစ်ပါကြောင်း၊ ဆက်လက်၍ ဆန္ဒမဲလက်မှတ်()နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို ၂၀၂၀ပြည့် နှစ် မတ် ၂၀ ရက် သောကြာနေ့တွင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ ချေး ငွေအမေရိကန်ဒေါ်လာ သန်း ၁၀၀ နှင့် ထောက်ပံ့ငွေ ဒေါ်လာ ၁၀ သန်းရယူနိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ပဲခူးမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ရွှေပုံက ယခုချေးငွေရယူမည့် အမေရိကန်ဒေါ်လာ သန်း ၁၀၀ သည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ် ရယူပြီးဖြစ်သော ချေးငွေ သန်း ၁၀၀ သည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်သုံးစွဲခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ပြီးဆုံးခဲ့ပြီ ဖြစ်ပါကြောင်း၊ သို့သော် အဆိုပါ ချေးငွေ၏ ၈၀ ရာခိုင်နှုန်းခန့်သာ သုံးစွဲနိုင်သည်ကို တွေ့ရှိရပြီး ၂ဝ ရာခိုင်နှုန်းခန့် ကျန်ရှိနေသေးသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ချေးငွေရယူပြီး ဆောင်ရွက်မည့် လုပ်ငန်းဆောင်တာများ၊ အစီအစဉ်များကို သတ်မှတ်ချိန်ကာလအတွင်း ပြီးမြောက်အောင်ဆောင်ရွက်မှသာ ကမ္ဘာ့ဘဏ် ချေးငွေရယူဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများကို ပြည်သူများအနေဖြင့် ပြည့်ပြည့်၀၀ ရရှိနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

မန်တုံမဲဆန္ဒနယ်မှ ဒေါ်နန်းမိုးက ယခုချေးငွေသည် အတိုးပေးရသည့်အပြင် နှစ်စဉ် ဝန်ဆောင်မှု ဒသမ ၇၅ ရာခိုင်နှုန်းကိုလည်း ပေးဆောင်နေရခြင်းဖြစ်သည့်အတွက် တိုင်းပြည်၏ ကျန်းမာရေးစောင့်ရှောက်မှုကို အမှန်တကယ်လိုအပ်သည့် နေရာတွင် အဓိကထားအသုံးပြုရန် အရေးကြီးပြီး စီမံခန့်ခွဲမှု မှန်ကန်ကောင်းမွန်ရမည် ဖြစ်ပါကြောင်း၊ သုံးစွဲမည့် ဘတ်ဂျက်ကိုလည်း ချေးငွေနှင့် ထောက်ပံ့ငွေဟူ၍ ကဏ္ဍအလိုက် သုံးစွဲမှုကို ပွင့်လင်းမြင်သာစွာ ချပြပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနအား လွှတ်တော်နာယကမှတစ်ဆင့် တောင်းဆိုလိုပါကြောင်း ဆွေးနွေးသည်။

 

ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်က ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်လာပါက ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်သည်ဟု ဆိုပါကြောင်း၊ သို့သော် မြန်မာနိုင်ငံတွင် လူလတ်တန်းစားပင်လျှင် ကြိုတင်ကာကွယ်နိုင်သည့် အပိုင်းကို မဆောင်ရွက်နိုင်သေးပါကြောင်း၊ ပြည်သူအများစုမှာ ရောဂါဖြစ်မှ ကုသရခြင်းဖြစ်ပြီး ကုသသည့်အခါတွင်လည်း ဆေးမြီးတိုဖြင့် မှီဝဲ၍ မရမှသာ ဆေးရုံ၊ ဆေးခန်းများသို့ ရောက်ရှိရသည့်အခြေအနေ ရှိနေသေးပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်များ ခိုင်မာအားကောင်းစေရန်အတွက် ယခုဆောင်ရွက်မည့် ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီရရှိရေး စီမံချက်အား အရှိန်အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ချေးငွေရယူခြင်းအား ထောက်ခံအပ်ပါကြောင်း ဆွေးနွေးသည်။

 

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဒေါက်တာ တင်တင်ဝင်း၊ ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာအေဇင်လတ်၊ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာခင်စည်သူ၊ ဒလမဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေး၊ တောင်ကြီးမဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်သန်းငွေနှင့် တောင်ဥက္ကလာပမဲဆန္ဒနယ်မှ ဒေါက်တာစောနိုင်တို့က ဆက်လက်ဆွေးနွေးကြသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၇)ရက်မြောက်နေ့ကို မတ် ၂၀ တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ - စိုးဝင်းထွန်း