ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်သူ့လွှတ်တော် ကြေညာချက်အမှတ် (၃/၂၀၂၀) ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၂ ရက်
(၂ဝ၂ဝ ပြည့်နှစ်၊ ဇွန်လ ၂၁ ရက်) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက်
ပုံမှန်အစည်းအဝေးကျင်းပရန် ခေါ်ယူခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၆၊ ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ နှင့် ၂၀၁၃ | ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေများ၏ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ခ) တို့အရ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၉ ရက် (၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၃ ရက်) တနင်္လာနေ့၊ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာအပ်ပါသည်။
(ပုံ) တီခွန်မြတ်
ဥက္ကဋ္ဌ