ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

ရန်ကုန်  ၂၁  နိုဝင်ဘာ  

 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပသည့် ဒုတိယအကြိမ်‌မြောက် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံမှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာကြသည်။

 

ဒုတိယသမ္မတနှင့်အဖွဲ့အား ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးများ ကောင်စီရုံး လက်ထောက်ဒုတိယဝန်ကြီး Thong Socheat၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ် ဝင်းကိုကိုနှင့် မြန်မာသံရုံးနှင့်စစ်သံရုံးတို့မှ တာဝန်ရှိသူများက ဖနောင်ပင် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

ဒုတိယသမ္မတနှင့်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ တွင် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြပြီး ထိုမှတစ်ဆင့် လေကြောင်းခရီးဖြင့် ဆက်လက် ထွက်ခွာကြရာ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြသည်။

 

ဒုတိယသမ္မတနှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီး မစ္စတာ ချုခ်ဘွန်နာနှင့် သံရုံးတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  ကြိုဆိုနှုတ်ဆက်ကြသည်။

 

(သတင်းစဉ်)