ဂျပန်အကူအညီဖြင့် ၂၀၂၁ ခုနှစ်တွင် ပထမဆုံးဂြိုဟ်တုကို မြန်မာလွှတ်တင်မည်

၁၂ ဇူလိုင်

 

Myanmar to launch its first satellite in 2021 with Japan’s help

နစ်ကီ - ဆောင်းပါးရှင် ယူအိချိနစ်တာ

By - Nikkei Staff Writer Yuichi Nitta

 

ဂျပန်နည်းပညာကိုသုံးပြီး လာမည့် ၂၀၂၁ ခုနှစ်မှာ ပထမဆုံးသောဂြိုဟ်တုကိုလွှတ်တင်ဖို့ မြန်မာနိုင်ငံအနေဖြင့် စီစဉ်ထားကြောင်း သိရသည်။ ဂျပန်၏ ဟော့ကိုင်းဒိုးတက္ကသိုလ်နှင့် တိုဟိုခူတက္ကသိုလ်များ၏ အကူအညီဖြင့် အင်ဂျင်နီယာနှင့် သုတေသီများက ကမ္ဘာ့ပတ်လမ်းတွင်းသို့ ပစ်လွှတ်ရန်စီစဉ်ထားကာ ultrasmall satellite ဂြိုဟ်တုနည်းပညာဖြစ်သည်။

 

ဂြိုဟ်တုသည် ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး ထုတ်လုပ်မှု မြှင့်တင်ရန်အတွက် အသုံးပြုသွားရန်ဖြစ်ကာ သဘာဝဘေးကာကွယ်ရေးနှင့် ပျက်စီးမှုများလျော့ချရေးအတွက်လည်းဖြစ်သလို သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုစောင့်ကြည့်ရေးတို့အတွက်လည်းဖြစ်ကြောင်း ဟော့ကိုင်းဒိုးတက္ကသိုလ်နှင့် တက္ကသိုလ်အာကာသမစ်ရှင်စင်တာ ညွှန်ကြားရေးမှူးဖြစ်သူ ပါမောက္ခတစ်ဦးက နစ်ကီကို ပြောကြားခဲ့သည်။

 

မြန်မာလေကြောင်းအင်ဂျင်နီယာတက္ကသိုလ်မှ ဘွဲ့ရကျောင်းသားများ၊ မြန်မာအမျိုးသားတက္ကသိုလ်မှလည်းပါဝင်ကာ ဂျပန်သို့လာရောက်မည်ဖြစ်ကာ အလေးချိန် (၅၀)ကီလိုဂရမ်ခန့်ရှိသော မိုက်ခရိုဂြိုဟ်တုတစ်ခုကို တိုးတက်လုပ်ဆောင်သွားမှာ ဖြစ်ပြီး တစ်ဖက်ကို (၅၀)စင်တီမီတာထိ ရှိမယ်လို့လည်း တာကာဟာရှီက ပြောပါသည်။

 

အဆိုပါအစီအစဉ်အောက်တွင် မြန်မာအင်ဂျင်နီယာများသည် (၅)နှစ်ကျော်အတွင်း ဂြိုဟ်တု(၂)စင်းကို တိုးတက်လုပ်ဆောင်မှာဖြစ်ကာ ပစ်လွှတ်မှုဖြစ်စဉ်များတွင်လည်း ထဲထဲဝင်ဝင် ပါဝင်လို့ ဂြိုဟ်တုဒီဇိုင်းပိုင်းနှင့် ဂြိုဟ်တုအချက်အလက် ခွဲခြမ်းစိတ်ဖြာခြင်းများကိုလည်း ကျွမ်းကျင်တတ်မြောက် သွားကြမည်ဖြစ်သည်။

 

မတ်လမှာ ဂျပန်သို့ ပထမဆုံးကျောင်းသား(၇)ဦး ရောက်ရှိဖို့ဖြစ်ကာ လက်ရှိမှာ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ခရီးသွားလာမှုကိုတော့ ရွေ့ဆိုင်းထားရခြင်း ဖြစ်သည်။ အစီအစဉ်အတွက် ပြင်ဆင်မှုတွေကတော့ ဆက်လုပ်နေပြီး အခြေအနေကောင်းသွားရင် ကျောင်းသားတွေကို ကြိုဆိုဖို့ အသင့်ဖြစ်ကြောင်း တာကာဟာရှီက ပြောသည်။

 

ယခုစီမံကိန်းသည် မြန်မာအစိုးရ၏ နိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ဆောက်ရေးကို ရည်ရွယ်သည့် အစီအစဉ်၏ အစိတ်အပိုင်းလည်းဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် အစိုးရသည် ဒုတိယသမ္မတဦးမြင့်ဆွေဦးဆောင်သော မြန်မာပိုင်ဂြိုဟ်တုစနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။

 

၂၀၁၉သြဂုတ်လတွင် အင်တဲလ်ဆက်-၃၉ အမည်ရ ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးကို ပြင်သစ် ဂိုင်ယာနာကနေ လွှတ်တင်ခဲ့သည်။ မြန်မာအနေဖြင့် နိုင်ငံတွင်း ဝန်ဆောင်မှုအတွက် ဂြိုဟ်တု၏ လုပ်ငန်းဆောင်ရွက်ချက် အစိတ်အပိုင်းအဖြစ် သုံးခွင့်ရခဲ့သည်။

 

အင်တဲလ်ဆက်-၃၉ သည် အစိုးရ၏ရည်မှန်းချက်ဖြစ်သည့် လာမည့် ၂၀၂၂ ခုနှစ်တွင် Broadband ချိတ်ဆက်မှုသို့ ပြည်သူ (၉၅)% ချိတ်ဆက်သုံးစွဲနိုင်ရေး အထောက်အပံ့ပေးနိုင်မည်ဟု အာရှပစိဖိတ် အင်တဲလ်ဆက်ဒေသတွင်း ဒုတိယဥက္ကဋ္ဌ တယ်ရီ ဘီခ်လေက ပြောသည်။

 

ဟော့ကိုင်းဒိုးတက္ကသိုလ်နှင့် တိုဟိုခူတက္ကသိုလ်တွင် microsatellites အတွက် တစ်မူထူးခြားသော နည်းပညာ (၂)ခုဖြင့် တိုးတက်လုပ်ဆောင်ထားပြီးဖြစ်သည်။ တစ်ခုမှာ သက်ဆိုင်ရာဒေသကို တိတိကျကျ ဖမ်းယူနိုင်ပြီး နောက်တစ်ခုသည် အလင်းပေါ်မူတည်ကာ မတူသော ရောင်စဉ်များတိုင်းတာမှုကို ရွေ့လျားချိန်ညှိနိုင်မည် ဖြစ်သည်။ နည်းပညာ(၂)ခုစလုံးကတော့ လေ့လာစောင့်ကြည့်မှုများအတွက် အသုံးပြုနိုင်မှာဖြစ်ကာ မြန်မာနိုင်ငံအတွက် ဂြိုဟ်တုသစ်ဖြစ်လာမည်။ ဂြိုဟ်တုများကတော့ အာကာသပေါ်မှနေကာ မြေယာများကို အလုံးစုံထောက်လှမ်းနိုင်မည်ဖြစ်သည်။

 

ဂျပန်သို့လာမည့် မြန်မာကျောင်းသားများအနေဖြင့် လေ့လာရေးဂြိုဟ်တု အသုံးချရမည့် အပိုင်းကို ဘယ်အတွက်သုံးမည် ဘယ်လိုဒီဇိုင်းမျိုးလိုအပ်မည်ကို သိရှိပြီးနောက် ဘယ်လိုဆောင်ရွက်သွားမည်ကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။

 

https://asia.nikkei.com/…/Myanmar-to-launch-its-first-satel…

 

Credit #MRTV