ဂျပန်အနောက်တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၂၄ ဉီး သေဆုံး

၆ ဇူလိုင်

 

 

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကူမာမိုတိုခရိုင်တွင် တနင်္ဂနွေ အတွင်းက စံချိန်တင် မိုးရွာသွန်းမှုများကြောင့် ရေကြီးမှုများနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေး အဖွဲ့ဝင်များက ဆက်လက်ရှာဖွေလျက်ရှိသည်။

 

 

အဆိုပါ မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် လူပေါင်း ၂၄ ဉီး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြု ပြောကြားခဲ့ပြီး ၁၂ ဉီးမှာ ပျောက်ဆုံးလျက်ရှိသည် နောက်ထပ် ၁၆ ဉီး၏ အခြေအနေမှာ သေဆုံးခဲ့ဖွယ်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

ပျက်စီးဆုံးရှုံးမှု၏ အတိုင်းအတာကို မသိရှိရသေးကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

 

 

ကမာမြစ် အပါအဝင် မြစ်ကိုးခုနှင့် နေရာ ၁၀ နေရာတို့တွင် ရေလွမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ပြီး မြေပြိုမှုများကြောင့် အိမ်များနှင့် လမ်းများမှာ ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။

 

 

အနီးအနားရှိ မြစ်တစ်လျှောက်တွင် ရေလွှမ်းမိုးမှုများကြောင့် သက်ကြီး စောင့်ရှောက်ရေး ဂေဟာတစ်ခု တွင် ဒေသခံ ၅၀ ခန့်နှင့် အလုပ်သမားများမှာ သောင်တင်လျက် ရှိသည်။

 

 

ရဲများ၊ မီးသတ်သမားများနှင့် ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့များသည် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်လျက် ရှိသည်။

 

 

စီရင်စုတစ်လွှားရှိ ခရိုင် ၁၀ ခုတွင် လူအများအပြားမှာ သောင်တင်လျက်ရှိနေပြီး သောင်တင်နေသူများထံ ရောက်ရှိရန် ယာယီလမ်းများ မြန်ဆန်စွာ ဖောက်လုပ်လျက်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

2429