ဂျပန်နိုင်ငံ စက်မှုပစ္စည်းထုတ်လုပ်မှု သုံးလအတွင်း ပထမဆုံးအကြိမ်ကျဆင်း

တိုကျို  ၃၁  ဇူလိုင်

ဂျပန်နိုင်ငံ၏ စက်မှုပစ္စည်းထုတ်လုပ်မှုသည် သုံးလတာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဇွန်လတွင် ကျဆင်းခဲ့ကြောင်း သိရသည်။ စက်မှုပစ္စည်းထုတ်လုပ်မှုသည် မေလမှစတင်ကာ ၃ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း စီးပွာရေးဝန်ကြီးက ဖော်ပြသည်။

မော်တော်ကားများ ထုတ်လုပ်မှုနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်မှုလျော့နည်းသွားသည့်အတွက် စက်မှုထုတ်ကုန်ကျဆင်းမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့်နှစ်လအတွင်း တိုးတက်မှုများရရှိခဲ့ပြီးနောက်တွင် စက်မှုထုတ်ကုန်ကျဆင်းမှုဖြစ်လာခဲ့ကြောင်း ဝန်ကြီးဌာနအာဏာပိုင်များက ထောက်ပြခဲ့သည်။

ပြီးခဲ့သည့် ဧပြီလမှ ဇွန်လအထိ စက်မှုပစ္စည်းထုတ်လုပ်မှုသည် ယခင်လေးလပတ် ထုတ်လုပ်မှုပမာဏ၏ ရာခိုင်နှုန်း ထက်ဝက်ခန့် တိုးတက်မှုရှိခဲ့ကြောင်းသိရသည်။ အာဏာပိုင်များသည် လာမည့်လများအတွက် သုံးသပ်ချက်များကိုလည်း ဖော်ပြခဲ့သည်။ ဇူလိုင်လအတွင်း ထုတ်လုပ်မှု ၂ ဒသမ ၇ ရာခိုင်နှုန်း   နှင့် ဩဂုတ်လတွင် ဝ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်လာရန် ခန့်မှန်းတွက်ချက်ခဲ့သည်။

အင်န်အိတ်ချ်ကေ