ဂျပန်တွင် ရေနံစိမ်း ဈေးနှုန်းများ မြင့်တက်

၆ ဇန်နဝါရီ

 

အရှေ့အလယ်ပိုင်း တင်းမာမှုများ မြင့်မားခဲ့သည့် အမေရိကန်လေကြောင်း တိုက်ခိုက်မှုကြောင့် အီရန်ထိပ်တန်းဗိုလ်ချုပ်ကြီး တစ်ဦး သေဆုံးခဲ့သဖြင့် ဂျပန်နိုင်ငံတွင် ရေနံစိမ်းဈေးနှုန်းများသည် ခုနစ်လတွင် အမြင့်ဆုံးမြင့်တက်ခဲ့သည်ဟု  ယနေ့ ဖော်ပြထားသည်။

 

ရေနံစိမ်းဈေးနှုန်းမှာ တစ်ကီလိုလီတာ လျှင် (ဒေါ်လာ ၄၀၀) ယန်း ၄၃၃၀၀ အထက်ရှိသည်။

 

ဒီဇင်ဘာလက ရေနံစိမ်းဈေးနှုန်းမှာ ယန်း ၃၈၀၀၀ နှင့် ယန်း ၄၃၀၀၀ နီးပါး ကြားရှိသည်။

 

အဆိုပါ ဆက်ဆံရေးတင်းမာမှုများကြောင့် အရှေ့အလယ်ပိုင်း ရေနံထုတ်လုပ်သည့် နိုင်ငံများမှ ရေနံစိမ်းများ ရောင်းအားကျဆင်းလာနိုင်မှုနှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်နေကြသည်ဟု ဈေးကွက်အရင်းအမြစ်က ဆိုသည်။

 

အီရန်နိုင်ငံက မည်သို့ တုံ့ပြန်မည်ဆိုသည်ကို ဈေးကွက်များက အနီးကပ်စောင့်ကြည့်နေကြသည်ဟု ၎င်းတို့က ဆိုသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို