ဂျူဝယ်၏ "တကယ်မချစ်ဘဲနဲ့ "သီချင်း Music Video ထွက်ရှိ

၄  ဇူလိုင်

အသည်းကွဲ သီချင်းများကို နားထောင်ချင်သော ပရိသတ်များအတွက် မိန်းကလေးအဆိုတော်တစ်ဦးဖြစ်သူ ဂျူဝယ်၏ "တကယ်မချစ်ဘဲနဲ့"ဟု အမည်ရသည့် တေးသီချင်း Music Video ကို V7 Entertainment မှ ဇူလိုင် ၂ ရက်က စတင်ထွက်ရှိခဲ့ကြောင်းသိရသည်။

"တကယ်မချစ်ဘဲနဲ့ Music Video တက်ပါမယ်။ Audio လည်း တက်ပါမယ်။ Music Video က V7 Entertainment ကနေ တက်ပါမယ်။ ကျွန်တော့်ရဲ့ Jewel yadanar ဖေ့စ်ဘုတ်ပေ့ချ်ကလည်း တက်ပါမယ်။ နောက် Audio ကတော့ JOOX မှာ ရှိမယ်၊ ဒီသီချင်းလေးက တကယ်လည်း မချစ်ခဲ့ဘဲနဲ့ ချစ်ခြင်းကို လှည့်စားခံရဖူးသူတိုင်းအတွက် အသည်းကွဲသီချင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ တန်ဖိုးရှိတဲ့ အလွမ်းလေးတွေကို ခံစားနိုင်စေဖို့ ရေးစပ်ထားတဲ့ သီချင်းလေးလည်း ဖြစ်ပါတယ်"ဟု ဂျူဝယ်က ပြောသည်။

ဂျူဝယ် သီဆိုသည့် တကယ်မချစ်ဘဲနဲ့ သီချင်း MTV တွင် ထွန်းဝီရနှင့် ဂျူဝယ်တို့က သရုပ်ဆောင်ထားကြောင်း သိရသည်။

ကိုလင်း