ဟားခါးမြို့ဝမ္မသူးမောင် အားကစားကွင်း မီတာ ၄၀၀ ပြေးလမ်း ခင်းကျင်းနိုင်ရေးအတွက် ကွင်းဆင်းမြေတိုင်းတာ

ဟားခါး  ၂၅     ဇန်နဝါရီ          

ချင်းပြည်နယ် ဟားခါးမြို့ဝမ္မသူးမောင်အားကစားကွင်း၏ မီတာ(၄၀၀)ပြေးလမ်း Synthetic ခင်းကျင်းနိုင်ရေးအတွက် ကွင်းဆင်းမြေတိုင်းတာမှု အခြေအနေအား ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့်တာဝန်ရှိသူများက ဇန်နဝါရီ ၂၄ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ချင်းပြည်နယ် ဟားခါးမြို့ဝမ္မသူးမောင်အားကစားကွင်း၏မီတာ(၄၀၀)ပြေးလမ်း Synthetic ခင်းကျင်းနိုင်ရေးအတွက် တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှ ကွင်းဆင်းမြေတိုင်းတာမှု စတင်ဆောင်ရွက်မှု အခြေအနေများကို ပြည်နယ်လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင့်ထန်က ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရသည်။

အဆိုပါ မီတာ(၄၀၀)ပြေးလမ်း Synthetic ခင်းကျင်းခြင်းကို ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၁၀၅၀)သန်းဖြင့် တင်ဒါအောင်မြင်သည့်  REVA ကုမ္ပဏီလီမီတက်က တာဝန်ယူကာ ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၂ နေ့မှစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ အတွင်း အပြီးတည်ဆောက်သွား မည်ဖြစ်ကြောင်း လုပ်ငန်းအရည်အသွေးပြည့်မီစေရေးနှင့် လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက် REVA ကုမ္ပဏီလီမီတက်မှ အမြဲမပြတ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည့် နည်းတူ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဉီးစီးမှူးနှင့်ဝန်ထမ်းများကလည်း နေ့စဉ်ကြီးကြပ်ဆောင်ရွက်ပေးသွားမည်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)