ဟားခါး၌ ​​ ​​တောရိုင်းတိရစ္ဆာန်ကာကွယ်ခြင်း၊ ပြုစု​စောင့်ရှောက်ခြင်းဆိုင်ရာ ၃ ရက်ကြာသင်တန်း ကျင်းပပြီးစီး

ဟားခါး   ၁၈   ဇန်နဝါရီ

 

သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​​ရေးဝန်ကြီးဌာန၊ သစ်​​တောဉီးစီးဌာနနှင့် မြန်မာနိုင်ငံ သားငှက်ထိန်းသိမ်း​ရေးအဖွဲ့နှင့် လိပ်မျိုးဆက်ရှင်သန်​ရေးအဖွဲ့တို့ ပူး​ပေါင်းကျင်းပသည့်​ တောရိုင်းတိရစ္ဆာန်များ ကာကွယ်ခြင်း၊ ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ချင်းပြည်နယ် ဟားခါးမြို့ CACC ခန်းမ၌ ၃ ရက်ကြာ​ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ရာ ဇန်နဝါရီ ၁၇ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို အဆိုပါ သင်တန်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

 

ရှေးဉီးစွာ ချင်းပြည်နယ် သစ်တောဉီးစီးဌာနညွှန်ကြားရေးမှူးကိုယ်စား ဦးစီးအရာရှိ ဦးသန်းထွန်းဦးက သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားနှစ်ဦးက လက်ခံရယူကာ သင်တန်းတက်ရောက်ကြသူများကိုယ်စား သင်တန်းသူ Dr Lessay (မြို့နယ်မွေး/ကုဦးစီးဌာန)က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။

 

အဆိုပါ သင်တန်းသို့ ချင်းပြည်နယ် တောရိုင်းတိရစာ္ဆန်များ ကာကွယ်ရေးကော်မတီတွင် ပါဝင်သည့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပြီး တောရိုင်းတိရစ္ဆာန်များ၊  ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းတို့မှ တားဆီးကာကွယ်နှိမ်နှင်းရေး၊ ဖမ်းဆီးရမိသော တောရိုင်းတိရစ္ဆာန်များအား အသက်ရှင်သန်အောင်ပြုစု၍ မျိုးဆက်ပြန့်ပွားနိုင်ရေးတို့အတွက် သစ်တောဦးစီးဌာန (ရုံးချုပ်) နေပြည်တော်မှ နည်းပြများနှင့် WCS ( Windlife Conscrvation Society )၊ TSA (Turtle Survival Alliance) တို့မှ နည်းပြဆရာများ လာရောက်ဆွေးနွေးပို့ချခဲ့ကြကြောင်း သိရှိရသည်။

 

မြင့်နိုင်စိုး (ပြန်/ဆက်)