ဟွာဝေးကုမ္ပဏီက ဥရောပအတွက် 5G ကို ဥရောပမှာပဲ ထုတ်လုပ်မယ်လို့ ကတိပေး

၅ ဖေဖော်ဝါရီ

 

တရုတ်တယ်လီကွန်းကုမ္ပဏီကြီး ဟွာဝေးကနေ ဥရောပမှာ ထုတ်ရေးပါပြုလုပ်ပြီး 5G နက်ဝက် ကို ဥရောပအတွက် ထုတ်လုပ်မယ်၊ ဟွာဝေးအနေနဲ့ ဥရောပအတွက် ဝန်ဆောင်မှုပေးဖို့ အရင်ကထက်ပိုပြီး ဆုံးဖြတ်ထားကြောင်း ကုမ္ပဏီရဲ့အုပ်ချုပ်ရေးအကြီးအကဲက ဘရက်ဆဲမှာ ကျင်းပတဲ့ တရုတ်နှစ်သစ်ကူး ညစာစာပွဲမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။ 

 

အခုပြောကြားချက်ဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ ဟွာဝေးကုမ္ပဏီရဲ့  5G နက်ဝက် ဆက်သွယ်ရေးဟာ လုံခြုံရေးအတွက် စိုးရိမ်ရတာမျိုးဖြစ်နိုင်တဲ့အတွက် ပိတ်ပင်ဖို့  EU က အကြံပြုထားပါတယ်။ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေဟာ ဟွာဝေးကို ပိတ်ပင်ဆိုတာ နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေပါတယ်။ 

 

ဥရောပအတွင်းမှာ စက်ရုံဆောက်ပြီး ထုတ်လုပ်မယ်ဆိုတာက ဥရောပနိုင်ငံတွေကို ဟွာဝေးက ဆွဲဆောင်သလို ဖြစ်ပေမယ့် အားလုံးက ဂျာမနီနိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့်နေပါတယ်။ ဂျာမနီနိုင်ငံက ဟွာဝေးကို ပိတ်ပင်မယ့် ပုံစံမှာရှိနေပါတယ်။ 

 

ဥရောပအတွင်းရှိ နိုင်ငံ ၁၂ နိုင်ငံမှာ သုတေသနဌာန ၂၃ ခုနဲ့ ဥရောပဆိုင်ရာစင်တာ ၂ ခုအတွက် ဝန်ထမ်းပေါင်း ၁၃,၀၀၀ ရှိကြောင်း ဟွာဝေးက ပြောပါတယ်။ 

 

ဟွာဝေးကုမ္ပဏီဟာ ကမ္ဘာကိုဦးဆောင်နေတဲ့ နက်ဝက်ပစ္စည်းတွေကို ထုတ်လုပ်နိုင်တဲ့ ကုမ္ပဏီဖြစ်သလို  5G နက်ဝက် တည်ဆောက်နိုင်တဲ့ ဥရောပကုမ္ပဏီကြီးတွေဖြစ်တဲ့ နိုကီယာ(Nokia) နဲ့ အဲရစ်ဆင်(Ericsson) တို့နဲ့ တန်းတူ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

 

အမေရိကန်နိုင်ငံကတော့ ဟွာဝေးဟာ ဆိုက်ဘာလုံခြုံရေးအတွက် စိုးရိမ်ရပြီး တရုတ်အစိုးရအတွက် သတင်းပေးလုပ်နိုင်တဲ့ ကုမ္ပဏီလို့ မြင်ထားပါတယ်။ 


MDN
ကိုးကား -AFP