ဟောင်ကောင်ဥပဒေကြမ်းကို လက်မှတ်ရေးထိုးရန် ထရန့်အား အမေရိကန်အမတ်များ တိုက်တွန်း

ဟောင်ကောင်ရှိ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီကို အထောက်အကူပြုသည့်  ဥပဒေကြမ်းကို လက်မှတ်ရေးထိုးရန်အတွက် အမေရိကန်ပြည်ထောင်စု ဥပဒေပြုလွှတ်တော်က သမ္မတ ဒေါ်နယ်ထရန့်အား တိုက်တွန်းခဲ့သည် ဟု ဆိုသည်။

 

အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် နန်ပီလိုစီအပါအဝင် ရီပတ်ပလစ်ကန်နှင့် ဒီမိုကရက်တစ် အမတ်များက ယမန့်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဥပဒေကြမ်းတွင် ပါဝင်သည့် စာသားများမှာ အမေရိကန်ပြည်ထောင်စုသည် လွတ်လပ်မှုနှင့် တရားမျှတမှုဘက်တွင် ရပ်တည်လျက်ရှိကြောင်း ပီလိုစီက ပြောကြားခဲ့သည်။

 

ဟောင်ကောင်မှ လွတ်လပ်မှုကို မြတ်နိုးသူများနှင့်အတူ အမေရိကန်ပြည်ထောင်စုက ရပ်တည်မည်ဟု သူမက ထပ်လောင်းပြောဆိုခဲ့သည်။

 

ဟောင်ကောင်သည် တစ်နိုင်ငံနည်းစနစ် နှစ်ခု ဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်သဖြင့် လွှတ်တော်နှစ်ခုလုံးမှ ထိုဥပဒေကြမ်းကို အတည်ပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

4

 

အဆိုပါ ဥပဒေကြမ်းသည် ဟောင်ကောင်ရှိ လူ့အခွင့်အရေးချိုးဖောက်သည့် တရုတ်အရာရှိများကို အရေးယူမှုများ ပြုလုပ်နိုင်ရန်လည်းဖြစ်သည်။

 

ထိုဥပဒေကြမ်းမူကြမ်းအတည်ဖြစ်လာလျင် လက်တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရက ပြောကြားခဲ့သည်။

 

တရုတ်နိုင်ငံနှင့်လည်း ကုန်သွယ်ရေးဆွေးနွေးပွဲများမှ ရလဒ်ကောင်းများရရန် ကြိုးစားနေချိန်ဖြစ်သဖြင့်  သမ္မတ ထရန့်အနေဖြင့်လည်း ၎င်း၏ ရပ်တည်ချက်ကို ဖော်ပြခြင်း မရှိသေးပေ။

 

သို့သော်လည်း လွှတ်တော်နှစ်ခုစလုံး၏ ထောက်ခံမှုများ ရရှိနေပြီဖြစ်သဖြင့် ထရန့်အနေဖြင့်လည်း လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်ရကြောင်း အမေရိကန် မီဒီယာများက ဖော်ပြခဲ့ကြသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်