ယီမင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ ဆာနားလေဆိပ် ပြန်လည် ဖွင့်လှစ်ရေး ဆွေးနွေး
ယီမင်၌ ဖြစ်ပွားနေသည့် ပြည်တွင်းစစ် အဆုံးသတ်စေရေးအတွက် ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆွီဒင်၌ ဆက်လက်ကျင်းပနေကြောင်း သိရသည်။ ဆွေးနွေးပွဲများတွင် အထူး အလေးပေးဆွေးနွေးနေသည့် အကြောင်းအရာများအနက် တစ်ခုမှာ မြို့တော်ဆာနား၌ လေဆိပ်ပြန်လည်ဖွင့်လှစ်ရေး ဖြစ်ကြောင်း သိရသည်။